
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၇ ရက်
စစ်လက်နက်ကုန်သွယ်မှု အရှုပ်တော်ပုံကြောင့် မြန်မာ့ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်း (MOGE) ကို သပိတ်မှောက်ဖို့ ထိုင်းအရပ်ဘက်အဖွဲ့အစည်းတွေက ထိုင်းအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
Milk Tea Alliance နဲ့ Thai People’s Network for Myanmar People မှ နစ်ချာကန်ရတ်ဝေါင် ရစ်က ဇူလိုင်လ ၂၅ ရက်မှာ ထိုင်းအစိုးရထံ စာတစ်စောင် တင်ပြကာ အရပ်ဘက်နဲ့ နိုင်ငံတကာအဖွဲ့အ စည်းတွေ အကြံပြုတဲ့အတိုင်း မြန်မာ့စီးပွားရေးဘဏ် (MEB) နဲ့ MOGE ကို သပိတ်မှောက်ရေး စဉ်းစား ဖို့ တောင်းဆိုလိုက်ပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းက စစ်လက်နက်ဝယ်ယူရာမှာ အသုံးပြုတဲ့ MEB၊ MOGE တို့နဲ့ ငွေ ကြေးလွှဲပြောင်းမှုတွေ ကန့်သတ်မယ့်အစီအမံတွေ ဖော်ဆောင်ခဲ့ကြောင်း၊ စင်ကာပူအစိုးရက မြန်မာစစ် တပ်နဲ့ ဆက်ဆံမှု ဖြတ်တောက်ခဲ့ကြောင်း၊ မြန်မာစစ်တပ်က ထိုင်းလိုမျိုး ငွေကြေးလွှဲပြောင်းမှု မပြုလုပ် သေးတဲ့ တိုင်းပြည်တွေမှတစ်ဆင့် စစ်လက်နက်တွေ ဆက်လက်ဝယ်ယူနေကြောင်း ၎င်းက ပြောပါ တယ်။
မြန်မာစစ်တပ်ရဲ့ ထိုင်းဘဏ် ၅ ခုမှတစ်ဆင့် စစ်လက်နက်ဝယ်ယူမှုဟာ ၂၀၂၂ ခုနှစ်မှာ ဒေါ်လာ သန်း ၆၀ မှ ၂၀၂၃ ခုနှစ်မှာ ဒေါ်လာ သန်း ၁၂၀ အထိ မြင့်တက်လာခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ အထူးအစီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးရဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။
ထိုင်းရေနံနဲ့ဓာတ်ငွေ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ PTT Group က MOGE နဲ့ စီးပွားရေး ပူးတွဲဆောင် ရွက်နေပြီး အဆိုပါကုမ္ပဏီက ပေးချေတဲ့ငွေကြေးကို မြန်မာပြည်တွင်းစစ်မှာ အသုံးပြုတဲ့ စစ်လက်နက် တွေအတွက် အသုံးပြုမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။
နိုင်ငံတကာ ငွေကြေးလွှဲပြောင်းမှုတွေ မလုပ်ဆောင်နိုင်ရေး မြန်မာစစ်တပ်ကို ပိတ်ပင်ဖို့ သော မတ်အန်ဒရူးရဲ့ အဆိုပြုချက်ကို အကောင်အထည်ဖော်ဖို့နဲ့ ထိုင်းဘဏ်တွေက စစ်လက်နက်ဝယ်ယူမှုနဲ့ ဆက်စပ်တဲ့ မည်သည့် ငွေကြေးလွှဲပြောင်းမှုမျှ မလုပ်ဆောင်ခဲ့ဘူးဆိုတာကို စုံစမ်းစစ်ဆေးဖို့ သူက တိုက် တွန်းပါတယ်။
မြန်မာစစ်တပ်ကို ပံ့ပိုးကူညီနေတဲ့ ငွေကြေးလွှဲပြောင်းမှုတွေ ရပ်တန့်ဖို့ ထိုင်းဘဏ်တွေကို တောင်းဆိုခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ မပတ်သက်ဖို့ PTT Group ကို တိုက်တွန်းလိုက်ပါတယ်။
ဒီလအစောပိုင်းမှာ ထိုင်းအစိုးရနဲ့ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးတို့ က ထိုင်းဘဏ်တွေမှတစ်ဆင့် မြန်မာစစ်တပ်အတွက် စစ်လက်နက်ဝယ်ယူမှုတွေကို ပိတ်ပင်မယ့် အစီအ မံတွေကို ဆွေးနွေးဖို့ ထိုင်းဘဏ်ကိုယ်စားလှယ်တွေနဲ့ အစိုးရအဖွဲ့အစည်းတွေကို ဆင့်ခေါ်ခဲ့ပါတယ်။
ကိုးကား – Prachatai
Ref; Government urged to boycott Myanmar military’s oil and gas enterprises amid weapons trade scandal
#Ayeyarwaddy_Times