ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၆ ရက်

တရုတ်နိုင်ငံက မြန်မာနိုင်ငံမြောက်ပိုင်း အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ တ ရုတ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပြောကြားလိုက်ပါတယ်။

ကိုးကန့်တပ်ဖွဲ့ (MNDAA) က တရုတ်နယ်စပ်ရှိ လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်ကို သိမ်းပိုက်လိုက်တာကို တရုတ်နိုင်ငံက အတည်ပြုနိုင်ပြီး နယ်စပ်အနီး တိုက်ပွဲဖြစ်နေတာကို မှတ် ချက်ပေးလိုပါသလားလို့ ရိုက်တာသတင်းဌာနရဲ့ မေးမြန်းချက်ကို သူက ဖြေကြားခဲ့တာပါ။

မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့၊ ဖြစ်နိုင်သမျှ စောပြီး အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့နဲ့ အခြေအနေ တင်းမာလာမှုကို ရှောင်ရှားဖို့ တရုတ်နိုင်ငံက တောင်းဆိုတယ်လို့ ၎င်းက ဆိုပါတယ်။

တရုတ်နယ်စပ်လုံခြုံရေး၊ နယ်စပ်နေပြည်သူတွေ၊ တရုတ်စီမံကိန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ တရုတ်နိုင်ငံသားတွေ ဘေးကင်းရေးဆောင်ရွက်ဖို့လည်း သူက တောင်းဆိုပါတယ်။

အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အရှိန်အဟုန်ထိန်းသိမ်းမယ့် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို တရုတ်နိုင်ငံက ဆက်လက်ပြုလုပ်မယ်လို့ မော်နင်က ဆိုပါတယ်။

ကိုးကား – https://www.fmprc.gov.cn/mfa
Ref; Foreign Ministry Spokesperson Mao Ning’s Regular Press Conference on July 25, 2024

#Ayeyarwaddy_Times