ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၀ ရက်

မြန်မာ အာဏာသိမ်းစစ်ကောင်စီက အာဏာရှင်အစိုးရကို ဆန္ဒပြပြီး ဒီမိုကရေစီအုပ်ချုပ်ရေးပြန်ရဖို့ တောင်းဆိုခဲ့တဲ့ လွှတ်တော်အမတ်တစ်ဦးအပါအဝင် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူလေးဦးကို ကြိုးပေးကွက် မျက်ခဲ့ပါတယ်။

အကြမ်းဖက်မှုတွေကို ထောက်ပံ့တယ်ဆိုပြီး စစ်ကောင်စီရဲ့ တရားရုံးတစ်ရုံးက ၄င်းတို့လေးဦးကို ဇန်နဝါ ရီလအတွင်း သေဒဏ်ပေးခဲ့တာဖြစ်ပါတယ်။ အမှန်တစ်ကယ်ကတော့ နိုင်ငံရေးအရ သဘောထားကွဲလွဲသူတွေဖြစ် တာကြောင့် ကြိုးပေးကွက်မျက်ခဲ့တာသာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားလေးဦးကို ကြိုးပေးကွက်မျက်တာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံတွင်းနဲ့ ပြင်ပမှာ စိုး ရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ကြိုးပေးကွက်မျက်မှုမရှိတာ ဆယ်စုနှစ်ချီ ကြာမြင့်ခဲ့ပြီဖြစ်ပေ မယ့် မြန်မာစစ်တပ်က အယူခံခွင့်မရှိဘဲ အင်အားသုံးပြီး သေဒဏ်ပေးခဲ့တာဖြစ်ပါတယ်။

မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကလေးငယ်နှစ်ဦး အပါအဝင် လူပေါင်း ၁၁၇ ဦးကို သေ ဒဏ်ပေးခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားလေးဦးကို ကြိုးပေးကွက်မျက် တာဟာ မြန်မာပြည်သူတွေကို ခြိမ်းခြောက်တဲ့လုပ်ရပ်တစ်ခုဆိုတာထက် မပိုပါဘူး။

စစ်ကောင်စီရဲ့ ပြည်သူတွေနှိပ်ကွက်မှုက ပိုပြင်းထန်လာတယ်ဆိုတာ ဒီလုပ်ရပ်တွေက ပြသနေပါတယ်။ ဂျပန်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ကောင်စီရဲ့ အာဏာလုယူမှုကို အဆုံးသတ်ပေမယ့် ဖိအားတိုးမြှင့်ပေးဖို့ လက်တွဲဆောင်ရွက်သင့်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ၁၈ လအတွင်း မြန်မာနိုင်ငံရဲ့အခြေအနေက ပိုဆိုးလာခဲ့ပါတယ်။ စစ်တပ်က ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ကျည်အစစ်နဲ့ပစ်ခတ်တာကြောင့် ဒီမိုကရေစီလိုလားတဲ့အဖွဲ့တွေက မလွှဲသာမရှောင် သာ လက်နက်စွဲကိုင် တော်လှန်လာရပါတယ်။

အာဏာသိမ်းစစ်ကောင်စီက အာဆီယံအဖွဲ့ကို ကတိပြုထားတဲ့ ဆွေးနွေးဖို့ အစမပြုသေးတာကြောင့် ငြိမ်းချမ်းတဲ့ အဖြေတစ်ခုရှာဖို့ မျှော်လင့်ချက်က အနည်းငယ်သာရှိပါတယ်။
အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်အရေးယူမှုတွေကြောင့် ကမ္ဘာ့အလယ်မှာ အထီးကျန်ဆန်လာတဲ့ အာဏာသိမ်းစစ်ကောင်စီဟာ စစ်လက်နက်နဲ့ နိုင်ငံတကာအစည်းအဝေးတွေမှာ ကာကွယ်ပေးမှုရရှိဖို့ တရုတ်နဲ့ရုရှားကို အားကိုးလာရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ဇူလိုင်လအတွင်း ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး စစ်ကောင်စီကို ထောက်ခံကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။

တရုတ်နဲ့ရုရှားဟာ မြန်မာစစ်တပ်အပေါ် သြဇာရှိတဲ့နိုင်ငံတွေဖြစ်တာကြောင့် ငြိမ်းချမ်းစွာ အဖြေရှာရေး ကို ထောက်ခံအားပေးဖို့ ၄င်းတို့ရဲ့သြဇာအာဏာကို အသုံးပြုသင့်ပါတယ်။

တက်ကြွလှုပ်ရှားသူလေးဦးကို ကြိုးပေးကွက်မျက်ပြီးနောက် ဂျပန်၊ အမေရိကန်၊ တောင်ကိုရီးယား၊ ဥ ရောပသမဂ္ဂ အပါအဝင် ရှစ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးတွေက ကြိုးပေးကွက်မျက်မှုကို ရှုတ်ချတဲ့ ပူးတွဲကြေညာ ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံကလည်း စစ်ကောင်စီရဲ့ နိုင်ငံရေးအကျဉ်းသား လေးဦး ကြိုးပေးကွက်မျက်မှုကို အလွန်အမင်း စိတ်ပျက်မိတယ်လို့ ပြောပါတယ်။

အာဆီယံအပါအဝင် ကမ္ဘာ့နိုင်ငံတွေက မြန်မာစစ်တပ်ကိုရင်ဆိုင်ရာမှာ အရေးယူမှုလုပ်ဆောင်ဖို့ လက်တွဲ ဆောင်ရွက်သင့်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေက မတရား အာဏာလုယူမှုမှာ အနာဂတ်မရှိဘူးဆိုတဲ့ အမှာစကားကို မြန်မာစစ်တပ်ထံ အကြိမ်ကြိမ်ပေးပို့ရမှာဖြစ်ပါတယ်။

ယနေ့ထုတ် ဂျပန်သတင်းစာ The Sankei Shimbun မှာ ဖော်ပြထားတဲ့ Int’l pressure needed to end Myanmar military junta’s oppression ဆိုသည့် အယ်ဒီတာ့အာဘော်ကို ဆီလျှော်အောင် ဘာသာပြန်ဆိုထား ပါသည်။

ဓာတ်ပုံ – လူမှုကွန်ယက်။