ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၁ ရက်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ၂၀၂၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှ နှုတ်ထွက်ဖို့ဆုံးဖြတ်ရင် သူ့ရဲ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုကို ဘယ်လို အဆုံးသတ်သင့်တယ်ဆိုတာကို မိသားစုဝင်တွေက ဆွေးနွေးခဲ့တယ်လို့ အမေရိကန်မီဒီယာတစ်ခုက ဖော်ပြပါတယ်။

ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုကနေ ဘယ်လို နှုတ်ထွက်ရမယ်ဆိုတာကို ဂျိုးဘိုင်ဒင်ရဲ့ မိသားစု ဝင်တွေက ဆွေးနွေးခဲ့တယ်လို့ NBC သတင်းဌာနက ဖော်ပြပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကနေ နှုတ်ထွက်ဖို့ စီစဉ်တာဟာ ဒီမိုကရက်တစ်ပါတီက ရီဗက်ပ လီကင်ပါတီ ကိုယ်စားလှယ်လောင်း သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို အနိုင်ရရှိဖို့ အကောင်းဆုံး အနေ အထားဖြစ်တယ်လို့ ဂျိုးဘိုင်ဒင်ရဲ့ မိသားစုဝင်တွေက ယူဆပါတယ်။

ဂျိုးဘိုင်ဒင်ရဲ့ မိသားစုဝင်တွေ အခုလိုမျိုး ဆွေးနွေးခဲ့တယ်ဆိုတာကို အိမ်ဖြူတော် ပြောရေးဆိုခွင့် ရှိသူတစ်ဉီးက ငြင်းဆန်ခဲ့ပါတယ်။

ဂျိုးဘိုင်ဒင်က သောကြာနေ့မှာ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ရွေးကောက်ပွဲ မဲဆွယ်စည်း ရုံးမှုကနေ နှုတ်ထွက်ဖို့ တောင်းဆိုမှုတွေရှိလင့်ကစား ဆက်လက်ယှဉ်ပြိုင်ဖို့ ရည်ရွယ်တယ်လို့ ပြောပါ တယ်။

ဂျိုးဘိုင်ဒင်ဟာ ဗုဒ္ဓဟူးနေ့က ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရပြီးနောက်ပိုင်း သီးခြားနေထိုင် လျက်ရှိပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ရောဂါအခြေအနေက တစ်ဖြည်းဖြည်း သက်သာလာတယ်လို့ အိမ်ဖြူတော် ဆရာဝန်တစ်ဉီးက စနေနေ့မှာ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

ဂျိုးဘိုင်ဒင်က လာမယ့်ရက်အနည်းငယ်အတွင်း အရေးပါသောအခြေအနေကို ရောက်ရှိနိုင်တယ် လို့ အမေရိကန်မီဒီယာတွေက ဖော်ပြပါတယ်။

ကိုးကား – NHK
Ref; US media: Biden’s family has discussed possible plan for him to exit race

#Ayeyarwaddy_Times