ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၁ ရက်

မြန်မာနိုင်ငံအပြင် အာဏာသိမ်းမှု သို့မဟုတ် စစ်ရာဇဝတ်မှု ကျူးလွန်တယ်လို့ သံသယရှိရတဲ့ အ ခြားအစိုးရတွေသို့ ခွင့်ပြုထားတဲ့ စစ်လက်နက်ရောင်းချမှုတွေကို ရပ်ဆိုင်းပြီး ပြန်လည်သုံးသပ်ဖို့ တောင် အာဖရိက တရားရုံးတစ်ရုံးက နိုင်ငံပိုင်လက်နက်ထိန်းချုပ်ရေးအဖွဲ့ကို အမိန့်ထုတ်ခဲ့တယ်လို့ လူ့အခွင့်အ ရေးအဖွဲ့တွေက ပြောပါတယ်။

Lawyers for Human Rights အား ကိုယ်စားပြုတဲ့ SALC ရဲ့ ၂၀၂၂ ခုနှစ်၊ လျှောက်ထားမှုတစ်ခု ကြောင့် ပရီတိုးရီးယားမြို့တော်ရှိ တရားရုံးချုပ်က စီရင်ချက်တစ်ရပ် ထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံသို့ စစ်လက်နက်တွေ ရောင်းချဖို့ အမျိုးသားသမားရိုးကျ လက်နက်ထိန်းချုပ်ရေး ကော်မတီ (NCACC) က ခွင့်ပြုထားတဲ့ ခွင့်ပြုချက်တွေကို ရပ်ဆိုင်းဖို့ တရားရုံးက ဆုံးဖြတ်ပါတယ်။

အာဏာသိမ်းမှု၊ သံသယဖြစ်ဖွယ်ရာ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သော ရာဇဝတ်မှု၊ စစ်ရာဇ ဝတ်မှုနဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှု ဖြစ်ပွားတဲ့နေရာတွေက အစိုးရတွေထံ စစ်လက်နက်တင်ပို့မှုတွေကို ရပ် ဆိုင်း၊ ပြန်လည်သုံးသပ်၊ ဖျက်သိမ်းဖို့ တရားရုံးက NCACC က တိုက်တွန်းပါတယ်။


“ဒီအမိန့်ဟာ တောင်အာဖရိကနိုင်ငံက အစိုးရအတွက် လက်နက်ကုန်သွယ်မှုအတွက် တာဝန်ခံ မှု၊ တာဝန်ယူမှုပြုလုပ်ရာမှာ အရေးပါတယ်” လို့ SALC က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် အာ ဏာသိမ်းမှုဖြစ်စဉ်နောက် တောင်အာဖရိကမှ မြန်မာသို့ စစ်လက်နက်တင်ပို့မှုကို ရပ်ဆိုင်းခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ တောင်အာဖရိကနိုင်ငံဟာ မြန်မာသို့ ဒေါ်လာ ၁၂ သန်းနီးပါး တန် ကြေးရှိ စစ်လက်နက်တွေ တင်ပို့ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

မြန်မာစစ်တပ်က ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်ဖြိုခွင်းခဲ့လို့ သိန်းချီတဲ့ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရပြီး အဆိုပါလုပ်ရပ်ကို ကုလသမဂ္ဂ တရားရုံးတစ် ခုမှာ လူမျိုးသုဉ်းသတ်ဖြတ်မှုအဖြစ် စုံစမ်းစစ်ဆေးနေပါတယ်။

ကိုးကား – The South African
Ref; South Africa ceourt orders suspension, review of arms exports to Myanmar

#Ayeyarwaddy_Times