ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၆ ရက်
ယူကရိန်းက ဒွန်းဘတ်စ်ဒေသရှိ နေရာအချို့မှ တပ်ဖွဲ့တွေကို ရုတ်သိမ်းမလား သို့မဟုတ် ရုရှား တပ်ဖွဲ့တွေရဲ့ မောင်းထုတ်တာခံမလားလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ရာဇသံပေးလိုက်ပါတယ်။
“ယူကရိန်းတပ်ဖွဲ့တွေ ဒီဒေသတွေကနေ ဆုတ်ခွာပြီး တိုက်ပွဲရပ်မလား၊ ကျွန်တော်တို့ မောင်း ထုတ်တာခံမလား” လို့ ပူတင်က အိန္ဒိယခရီးစဉ်အတွင်း ပြောပါတယ်။
အိမ်ဖြူတော်နဲ့ ကရင်မလင်တို့ ရေးဆွဲခဲ့တဲ့ စီမံချက်တစ်ခုကို အခြေခံပြီး ယူကရိန်းစစ်ပွဲ အဆုံး သတ်ဖို့ အမေရိကန်နိုင်ငံက အကျိုးဆောင်ပေးဖို့ ကြိုးပမ်းနေစဉ် သူက အခုလို ခြိမ်းခြောက်လိုက်တာပါ။
မော်စကိုမြို့တော်မှာပြုလုပ်တဲ့ ဆွေးနွေးမှုတွေကို ရှင်းပြဖို့ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ် နဲ့ ဒေါ်နယ်ထရမ့်ရဲ့သားမက် ဂျာရက်က်ရှ်နာတို့ဉီးဆောင်တဲ့ အမေရိကန် စေ့စပ်ညှိနှိုင်းရေးမှူးတွေက မီ ယာမီမြို့မှာ ယူကရိန်းကိုယ်စားလှယ်အဖွဲ့ကို တွေ့ဆုံတော့မယ့်အချိန်က ပူတင်က အခုလို မှတ်ချက်ပြု တာပါ။
ဥရောပနိုင်ငံတွေဟာ လက်သင့်ခံနိုင်စရာမရှိတဲ့ ပြင်ဆင်ချက်တွေလုပ်ဖို့ တွန်းအားပေးနေတယ် လို့ ပူတင်က ပြီးခဲ့တဲ့အပတ်အတွင်း မော်စကိုမြို့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
“ရုရှားက ဉရောပတိုက်နဲ့ စစ်ဖြစ်နေတာမဟုတ်ဖူးလို့ ကျွန်တော် အကြိမ် ၁၀၀ ပြောပြီးပါပြီ။ ဉ ရောပတိုက်က ရုရှားနဲ့ ရုတ်တရက် တိုက်ခိုက်ချင်တယ်ဆိုရင် ကျွန်တော်တို့ အခု အဆင်သင့်ပါ” လို့ သူက ဆိုပါတယ်။
အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့ ပူတင်ကြား ဆွေးနွေးမှုတွေဟာ ၅ နာရီနီးပါး ကြာမြင့်ခဲ့ပြီး အ လွန်ကောင်းမွန်ခဲ့ကာ ပူတင်ဟာ သဘောတူညီချက်တစ်ရပ် ရရှိလိုတဲ့ ဆန္ဒရှိခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
ဆွေးနွေးမှုဟာ အပြုသဘောဆောင်ခဲ့ပေမယ့် ယူကရိန်းက နယ်မြေခွဲပေးဖို့ကိစ္စ မဖြေရှင်းနိုင်လို့ အဖြေရတယ်လို့ ရုရှားက မရှုမြင်ခဲ့ကြောင်း ပူတင်ရဲ့ နိုင်ငံခြားရေးမူဝါဒလက်ထောက် ယူရီအူရှာကော့ဗ် က ပြောပါတယ်။
ကိုးကား – UPI
Ref; Putin tells Ukraine to withdraw from Donbas or face being forced out