ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၆ ရက်

ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ ဒီမိုကရေစီအင်အားစုတွေကို ချန်လှပ်ခဲ့တာကြောင့် မြန်မာစစ်အုပ်စု ရဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုလိုက်ပါတယ်။

ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်မယ့် ရွေးကောက်ပွဲဟာ အရပ်ဘက်အုပ်ချုပ်ရေးကို အသွင်ကူး ပြောင်းဖို့ လမ်းကြောင်းဖွင့်ပေးမယ်လို့ စစ်ခေါင်းဆောင်တွေက ပြောဆိုပေမယ့် အတုအယောင်ရွေး ကောက်ပွဲလို့ ၎င်းက ပြောပါတယ်။

ရွေးကောက်ခံ အရပ်သားအစိုးရတစ်ဖွဲ့လုံးနီးပါး ဖမ်းဆီးခံရတယ်လို့ စစ်အုပ်စုရဲ့ရွေးကောက်ပွဲ ဟာ အတုအယောင်သာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီမိုကရေစီအင်အားစုတွေဟာ စစ်တပ်အုပ်ချုပ်မှုကို ဆက်လက်ပြီး တွန်းလှန်မှာဖြစ်ကာ ဆွေးနွေး စရာအကြောင်းမရှိဘူးလို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

မြန်မာနိုင်ငံသားတွေအတွက် ယာယီနေထိုင်ခွင့် (TPS) ရုတ်သိမ်းမယ့် အမေရိကန်အစိုးရရဲ့ ပြီးခဲ့ တဲ့အပတ် ကြေညာချက်အပေါ် စိုးရိမ်ကြောင်း ၎င်းက ထုတ်ဖော်ပြောပြီး လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံခြား ရေးမူဝါဒကို လိုက်နာဖို့ အမေရိကန်အစိုးရကို တောင်းဆိုလိုက်ပါတယ်။

ဒေါ်နယ်ထရမ့်အစိုးရရဲ့မူဝါဒဟာ အမေရိကန်ပြည်သူတွေကိုသာမက စစ်အုပ်ချုပ်ရေးကြောင့် ထွက်ပြေးလာသူတွေကိုပါ အကျိုးဖြစ်စေရမယ်လို့ သူက ဆိုပါတယ်။

NLD ပါတီက သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲလိမ်လည်မှုရှိ တယ်လို့ဆိုကာ မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အာဏာသိမ်းခဲ့ပါတယ်။

စစ်အုပ်စုဟာ ဇူလိုင်လအတွင်း အတည်ပြုခဲ့တဲ့ ဥပဒေသစ်အရ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ဝေ ဖန်တဲ့ ပြောဆိုချက်တွေ၊ လုပ်ရပ်တွေကို တင်းကျပ်စွာ ထိန်းချုပ်ထားပါတယ်။

ကိုးကား – NHK
Ref; Myanmar shadow government calls election ‘performance’