ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၆ ရက်
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အရှေ့ခြမ်းရှိ မရကန်ကျေးရွာကို စစ်ကော်မရှင်တပ်က ယမန်နေ့ ဒီဇင်ဘာ ၅ ရက်နေ့တွင် ဂျက်ဖိုက်တာတိုက်လေယာဉ်ဖြင့် အကြောင်းမဲ့ လေကြောင်းပစ်ခတ် တိုက်ခိုက် မှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူ ၁၈ ဦး သေဆုံးခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထုတ်ပြန်သည်။
စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူပိုင်နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ပြီး သေဆုံးခဲ့သည့် စုစုပေါင်း ၁၈ ဦးအပြင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိ အတည်ပြုရရှိသည့် သေဆုံးသူများထဲတွင် အသက်ငါးနှစ်အောက် ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးများ လည်း ပါဝင်ကြောင်း သိရသည်။
ထို့ပြင် အသက်အန္တရာယ်စိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာရသူများ ပြားနေပြီး ဒဏ်ရာရရှိသူများ၏ အသက်ရှင်မှု အခြေအနေကို ဆက်လက်စောင့်ကြည့်နေရဆဲဖြစ်ကြောင်းလည်း ပအဖ၏ ထုတ်ပြန်ချက် တွင် ပါဝင်သည်။

အကြမ်းဖက်စစ်ကော်မရှင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် အများပြည်သူနေထိုင်ရာ ကျေးရွာများအတွင်းသို့ လေကြောင်းပစ်ခတ်တိုက်ခိုက်သတ်ဖြတ်မှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းကြောင့် အများပြည်သူ များကို လေကြောင်းအန္တရာယ် အထူးဂရုစိုက်နေထိုင်ကြပါရန် ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထပ်မံတိုက်တွန်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ – ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့