ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၆ ရက်

ရေတပ်အင်အား ပြသမှုအဖြစ် တရုတ်နိုင်ငံက အရှေ့အာရှရေပိုင်နက်အတွင်းသို့ စစ်သင်္ဘောအ များအပြား စေလွှတ်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပြီးနောက် ဒေသတွင်း တရုတ်စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို စိုးရိမ်မိကြောင်း ထိုင်ဝမ်နဲ့ဂျပန်က ထုတ်ဖော်ပြောပါတယ်။

“တရုတ်စစ်တပ်ရဲ့ လှုပ်ရှားမှုတွေက အာရှ-ပစိဖိတ်နဲ့ ဒေသတစ်ခုလုံးအပေါ် ခြိမ်းခြောက်မှုနဲ့ အ ကျိုးသက်ရောက်မှု ဖြစ်စေပါတယ်” လို့ ထိုင်ဝမ်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ Karen Kuo က ပြောပါ တယ်။

အပြည့်အဝ သတိထားကြဖို့နဲ့ အချိန်နဲ့တစ်ပြေးညီ သတင်းတွေ တင်ပြကြဖို့ ထိုင်ဝမ်သမ္မတ လိုင် ချင်တေးက လုံခြုံရေးတပ်ဖွဲ့ကို ညွှန်ကြားထားတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

အာရှ-ပစိဖိတ်ဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ပူးတွဲ စောင့်ရှောက်ဖို့ ထိုင်ဝမ်က ချစ်ကြည် ရင်းနှီးသော မိတ်ဖက်တွေနဲ့ အနီးကပ် ဆက်ဆံကာ ပူးပေါင်းဆောင်ရွက်မယ်လို့ သူက ဆိုပါတယ်။

ဂျပန် ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရိုကိုအောဇုမိက အရှေ့တရုတ်ပင်လယ်မှာ တရုတ်ရဲ့ လှုပ်ရှားမှု ကို မေးခွန်းထုတ်ခဲ့ပြီး တရုတ်စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို သတိထားပြီး စောင့်ကြည့်နေတယ်လို့ ပြောပါ တယ်။

“တရုတ်ဟာ ဂျပန်ဝန်းကျင်ရှိ ဒေသတွေမှာ စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့်နေပြီး တရုတ်စစ်တပ် ရဲ့ လှုပ်ရှားမှုတွေကို ကျွန်တော်တို့ သတိကြီးစွာ စောင့်ကြည့်နေပါတယ်” လို့ ၎င်းက သတင်းထောက်တွေ ကို ပြောပါတယ်။

သက်ဆိုင်ရာ ပင်လယ်ရေကြောင်းဧရိယာတွေမှာ ရေတပ်နဲ့ ကမ်းခြေစောင့်တပ်ဖွဲ့တွေရဲ့ လှုပ်ရှား မှုတွေဟာ ပြည်တွင်းနဲ့ နိုင်ငံတကာဥပဒေကို တင်းကျပ်စွာ လိုက်နာခဲ့တယ်လို့ တရုတ်၊ နိုင်ငံခြားရေးဝန် ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ လင်ကျင်းက ပြောပါတယ်။

“အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ကို ဖြေရှင်းဖို့ ဘယ်လိုမိတ်ဖက်မှ မလိုအပ်ပါဘူး” လို့ ၎င်းက ပေ ကျင်းမြို့တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကိုးကား – Reuters
Ref; Taiwan, Japan voice concern over Chinese military movements