ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၁ ရက်

ဧရာ၀တီတိုင်း၊ မြန်အောင်မြို့နယ်တွင် ဇူလိူင်လ၂၁ရက်နေ့အထိ စာသင်ကျောင်း ၃၇ကျောင်းယာယီပိတ်ထားရကြောင်း ဘေးအန္တာရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှသိရှိရသည်။

မြန်အောင်မြို့နယ်တွင်ဇူလိူင်လ ၁၅ရက်နေ့မှစတင်ပြီးဧရာ၀တီမြစ်ရေ မြင့်တက်လာပြီးရပ်ကွက်၊ ကျေးရွာ ၊နေအိမ်များအပါအ၀င် စာသင်ကျောင်းများပါ ရေနစ်မြုပ်လာသောကြောင့် ယခုကဲ့သို့ ယာယီပိတ်သိမ်းလိုက်ရခြင်းဖြစ်သည်။

“လောလောဆယ်တော့မြန်အောင်မြို့နယ်မှာ ဇူလိူင် ၁၅ရက်နေ့က၁၃ကျောင်းပိတ်လိုက်ရတယ်၊ ၁၉ရက်နေ့ကြတော့ ရေကမကျတော့ နောက်ထက် ၂၄ကျောင်းထပ်ပိတ်ပေးထားတယ် မြစ်ရေပြန်ကျသွားရင်တော့ပညာရေးဌာနနဲ့တိုင်ပင်ပြီး ပြန်ဖွင့်ပေးမယ် “ဟု တိုင်းဘေးအန္တာရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန၀န်ထမ်းတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ဧရာ၀တီတိုင်းအတွင်းမြို့နယ်တစ်ချို့တွင်ဇူလိုင်လ ၁၅ရက်နေ့မှစတင်ပြီးဧရာ၀တီမြစ်ရေ မြင့်တက်လာသောကြောင့်မြစ်ကမ်းဘေးကျေးရွာတစ်ချို့ရေနစ်မြုပ်မှုများရှိနေသောကြောင့် ကျေးရွာဘုန်းကြီးကျောင်းနှင့်ဓမ္မာရုံများတွင်ရွှေ့ပြောင်းနေထိုင်မှုများရှိနေကြောင်းသိရသည်။

#မြန်အောင်မြို့ #ဧရာ၀တီမြစ်ရေ #မြင့်တက်လာမှုကြောင့် #စာသင်ကျောင်း၃၇ကျောင်း #ယာယီပိတ်ထား #Ayeyarwaddy_Times