ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၀ ရက်

ဧရာ၀တီတိုင်း၊ ညောင်တုန်းမြို့တွင် ပန်းလိူင် မြစ်သည် စိုးရိမ်ရေမှတ်ထက်ကျော်လွန်လာသောကြောင့် တာကျိုးပေါက်မည်ကို ဒေသခံများစိုးရိမ်နေရကြောင်းသိရှိရသည်။

လက်ရှိတွင် ပန်းလိူင်မြစ်ရေသည် ဇူလိူင်လ ၁၉ရက်နေ့တွင် စိုးရိမ်ရေအမှတ်ထက် သုံးလက်မခန့် ကျော်လွန်ရောက်ရှိနေပြီးအနိမ့်ပိုင်းရပ်ကွက်အချို့ ရေနစ်မြုပ်နေကြောင်းသိရသည်။

“မိုးက ဆက်တိုက်ရွာနေတော့ ရေက ပိုတိုးလာတယ် ညောင်တုန်းတာကို ကျော်ဖို့ ငါးပေလောက်ပဲလိုတော့တယ် တစ်ချို့အိမ်တွေကြိုရွှေ့နေကြပြီ”ဟုဒေသခံတစ်ဦးမှပြောသည်။

ဇူလိူင်လ ၁၇ရက်နေ့ ညပိုင်းတွင် ညောင်တုန်း မြို့ပတ်တာ နေရာအချို့တွင် ရေစိမ့်၀င်မှုများ ဖြစ်ပေါ်လာသောကြောင့် ဒေသခံပြည်သူများနှင့်မိီးသတ်တပ်ဖွဲ့များမှ သဲအိတ်ချကာရံမှုများပြုလုပ်ခဲ့ကြသည်။

ဧရာ၀တီတိုင်းအတွင်းမြို့နယ်တစ်ချို့တွင်ဇူလိူင်လ ၁၅ရက်နေ့မှစတင်ပြီး ဧရာ၀တီမြစ်ရေ မြင့်တက်လာသောကြောင့် မြစ်ကမ်းဘေးကျေးရွာတစ်ချို့ရေနစ်မြုပ်မှုများရှိနေသောကြောင့် ကျေးရွာဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံများတွင် ရွှေ့ပြောင်းနေထိုင်မှုများရှိနေကြောင်း သိရှိရသည်။

ဧရာဝတီတိုင်းအတွင်းရှိ ဟင်္သာတ၊ ဇလွန်နှင့် ပန်းတနော်နှင့် ဒေသအချို့တွင် မြစ်ရေမြင့်တက်လာပြီး နေအိမ်များရေနစ်မြုပ်မှုကြောင့် နေရာရွှေ့ပြောင်းမှုများကို ပြီးခဲ့သည့်ရက်ပိုင်းက လုပ်ဆောင်ခဲ့ရသည်။

#ညောင်တုန်း #ပန်းလှိုင်မြစ် #စိုးရိမ်ရေမှတ် #ကျော်လွန်လာသောကြောင့်#တာကျိုးပေါက်မည်ကို #ဒေသခံများစိုးရိမ် #Ayeyarwaddy_Times