
ဓာတ်ပုံ - အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၀ ရက်
ကရင်နှီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ဆိုလားလူကျေးရွာကိုစစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများအား ယမန်နေ့ သြဂုတ်လ ၉ ရက်နေ့က အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့နှင့်ဒေသခံမဟာမိတ်တပ်ပေါင်းစုများမှ ခုခံတိုက်ခိုက်ခဲ့ကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
၎င်းတိုက်ပွဲတွင် အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး Sniper အဖွဲ့လည်း ပါဝင်ခုခံတိုက်ခဲ့ရာ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး Sinper အဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၁၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
တိုက်ပွဲမှ ဆက်လက်ပြင်းထန်လာနိုင်ပြီး အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့အနေဖြင့် ဒေသခံမဟာမိတ်တပ်ဖွဲ့များနှင့်အတူ စစ်ကောင်စီတပ်အား ဆက်လက်ရင်ဆိုင်တိုက်ပွဲဝင်သွားပါမည်ဟု ရေးသားထုတ်ပြန်ထားသည်။