
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၇ ရက်
မြန်မာနိုင်ငံရဲ့အခြေအနေကို စိုးရိမ်မိတယ်လို့ တူရကီ အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအ များအပြားက ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီး ပြောဆိုလိုက်ပါတယ်။
“အကြမ်းဖက်မှုနဲ့ ပဋိပက္ခတွေ တိုးလာတာ၊ လူသားချင်းစာနာမှု အကျပ်အတည်းဖြစ်စေတဲ့ မြန် မာနိုင်ငံတစ်ဝှမ်း အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဉပဒေနဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥ ပဒေ ချိုးဖောက်တယ်ဆိုတဲ့ ယုံကြည်လောက်တဲ့သတင်းတွေကို အလွန်အမင်း စိုးရိမ်မိတယ်”လို့ ကုသ မဂ္ဂဆိုင်ရာ အမေရိကန် ဒုတိယအမြဲတမ်းကိုယ်စားလှယ် ရောဘတ်ဝုဒ်က သတင်းထောက်တွေကို ပြော ပါတယ်။
စစ်ကောင်စီဟာ ပဋိပက္ခဖြစ်နေစဉ် လူသားဒိုင်းကာအဖြစ် ရိုဟင်ဂျာတွေကို အသုံးချခဲ့တယ်လို့ မ ကြာသေးမီ သတင်းတွေက ဖော်ပြခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။
၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း လူသားချင်းစာနာမှုအကူအညီ လိုအပ်တဲ့ အိုးအိမ် စွန့်ခွာရသူအရေအတွက်ဟာ ၁ သန်း မှ ၁၈ ဒသမ ၆ သန်းအထိ မြင့်တက်လာခဲ့တယ်လို့ သူက ပြောပါ တယ်။
စစ်ဘေးရှောင်ဉီးရေဟာ အိမ်နီးချင်းတိုင်းပြည်တွေမှာ ခိုလှုံနေတဲ့ ၆၆၀၀၀ ဦး အပါအဝင် ၂ ဒသမ ၉ သန်းကျော် ရှိခဲ့ပြီး အာဏာသိမ်းမှုမတိုင်မီ ထွက်ပြေးခဲ့တဲ့ ရိုဟင်ဂျာ တစ်သန်းကျော်ရှိတယ်လို့ ၎င်းက ထောက်ပြပါတယ်။
အကြမ်းဖက်မှုတွေ လျှော့ချဖို့၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဉပဒေနဲ့ လူ့အခွင့်အရေးဥ ပဒေကို လေးစားသမှုရှိဖို့၊ အရပ်သားတွေကို ကာကွယ်ပေးဖို့ ရောဘတ်ဝုဒ်က မြန်မာစစ်တပ်နဲ့ သက်ဆိုင် ရာ အဖွဲ့အစည်းအားလုံးကို တိုက်တွန်းပါတယ်။
“မြန်မာ့အရေး ငြိမ်းချမ်းသောအဖြေရှာရာမှာ အပြုသဘောဆောင်သော၊ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့ မိမိတို့ ထပ်လောင်းတောင်းဆိုပါတယ်” လို့ သူက ဆိုပါတယ်။
ကိုးကား – Anadolu
Ref; UN member states express concern over situation in Myanmar
#Ayeyarwaddy_Times