
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၉ ရက်
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ၌ ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ်အင်အားစုမှ ဦးဆောင်၍ ယနေ့ ဩဂုတ် ၉ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရသည်။
ထို့ပြင် NUG ကာကွယ်ရေးအလံကိုလွှင့်ထူ၍ ပြည်သူသည်သာ အဓိက စာသားကိုင်ဆောင်၍ စစ်အာဏာရှင်ဆန်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပြီး သပိတ်ဦးဆောင်သူများ၊ ရပ်ကျေး ပ.က.ဖ၊ ပ.အ.ဖ များမှ စစ်အာဏာရှင်ဆန့်ကျင်ရေးတရားများ ဟောပြောခဲ့ကြသည်။
ဓာတ်ပုံ-ပေးပို့