ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၄ ရက်

ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံသို့ နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ် စတင်ဖို့ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက အပြုသဘောဆောင်စွာ တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်မှာပြုလုပ်တဲ့ ဘင်းစတက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအ ဝေးရဲ့ ဘေးပန်းအဖြစ် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟတ်ဆန်မာမွတ်နဲ့ တွေ့ဆုံစဉ်မှာ သူက အခု လို ပြောကြားခဲ့တာပါ။

ဟတ်ဆန်မာမွတ်က ယခင် ဆွေးနွေးမှုတွေကိုလည်း အမှတ်ရဖို့ စစ်ကောင်စီဝန်ကြီး ဦးသန်းဆွေ ကို အသိပေးခဲ့ပါတယ်။

မိခင်တိုင်းပြည်မှ အဓမ္မ အိုးအိမ်စွန့်ခွာခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူလိုတယ်လို့ မြန်မာနိုင်ငံက ပြောကြားနေတာကြာပြီလို့ သူက ထောက်ပြပါတယ်။

ရိုဟင်ဂျာတွေ နေရပ်ပြန်ခေါ်ရေး အကောင်အထည်ဖော်ဆောင်မှု မည်သည့်လက္ခဏာမျှ မတွေ့ရ သေးဘူးလို့ အစည်းအဝေးအတွင်း ၎င်းက ဆိုပါတယ်။

စစ်ကောင်စီဝန်ကြီး ဦးသန်းဆွေက အပြုသဘောဆောင်စွာ တုံ့ပြန်ခဲ့ပြီး စစ်ကောင်စီနဲ့တိုင်ပင် ကာ ရိုဟင်ဂျာတွေ နေရပ်ပြန်ခေါ်မှုစတင်ဖို့ ရည်ရွယ်တယ်လို့ ထပ်လောင်းပြောကြားခဲ့ကြောင်း ဟတ် ဆန်မာမွတ်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ လက်ရှိမှာ ကော့ဘဇားခရိုင်နဲ့ ဘာဆန်ရှားကျွန်းမှာ ရိုဟင်ဂျာ ၁ ဒသမ ၃ သန်းကို လက်ခံထားရပါတယ်။

ကိုးကား – The Daily Star
Ref; Myanmar responded positively in taking back Rohingyas: FM Hasan

#Ayeyarwaddy_Times