ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၂ ရက်

မြန်မာစစ်ကောင်စီဟာ မထိန်းချုပ်နိုင်တော့ တိုင်းပြည်တစ်ပြည်ကို ဖျက်ဆီးဖို့ ကြိုးစားနေပုံပေါ် တယ်လို့ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးက သတိပေးလိုက်ပါတယ်။

“မြန်မာစစ်ကောင်စီဟာ တပ်ဖွဲ့တွေ၊ စစ်ဘက်အခြေခံအဆောက်အအုံတွေ ဆုံးရှုံးနေပါတယ်။ မြန်မာစစ်ကောင်စီဟာ မြေပြင်မှာ ရှုံးနိမ့်နေပါတယ်” လို့ သူက ဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေကြောင့် ဇန်နဝါရီ လအတွင်း တရုတ်နိုင်ငံ ကြားဝင်ပေးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ပျက်သုဉ်းသွားခဲ့ပါတယ်။

သောမတ်အန်ဒရူးက မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီကို ရှင်းလင်းချိန် မှာ အခုလို ပြောကြားခဲ့တာပါ။

မြန်မာစစ်တပ်ရဲ့ ဆုံးရှုံးမှုတွေအတွက် လက်တုံ့ပြန်မှုမှာ အရပ်သားတွေကို တိုက်ခိုက်ခဲ့တာဖြစ် ပြီး ပြီးခဲ့တဲ့ခြောက်လအတွင်း ဆေးရုံတွေ၊ စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေအပေါ် တိုက် ခိုက်မှုတွေ တိုးလာခဲ့တယ်လို့ သူက ထောက်ပြပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဟာ ရက်ပေါင်းများစွာကြာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ဒီသီတင်း ပတ်အစောပိုင်းမှာ မြို့တစ်မြို့နဲ့ ယူနန်ပြည်နယ်ကိုသွားရောက်တဲ့ အရေးပါသော ကုန်သွယ်ရေး လမ်းမ ကြီးတစ်ခုကို သိမ်းပိုက်ခဲ့ပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့က မြန်မာစစ်တပ်ကို ထိုးစစ်ဆင်မှု ပြုလုပ်ခဲ့တဲ့ ပြီးခဲ့တဲ့လနှောင်းပိုင်း ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ကိုးကား – TRT World
Ref; Myanmar junta’s actions risk ‘destroying’ uncontrollable country — UN

#Ayeyarwaddy_Times