
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၁ ရက်
မန္တလေးမြို့၊ မတ္တရာမြို့နယ်ရှိ စစ်ကောင်စီ၏ အင်ကြင်းမြိုင်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းမှ သိမ်းပိုက်ရရှိခဲ့သည့် လေယာဉ်ပစ်စက်သေနတ်ကြီးများဖြင့် လေ့ကျင့်ပြင်ဆင်ပြီး ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY-PDF) က ယနေ့ ဇူလိုင် ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။
MDY-PDF ကစစ်ကောင်စီ လက်ကျန်တပ်စခန်းများကို ဆက်လက်တိုက်ခိုက်သွား မည်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ချရန်တိုက်တွန်းထားပြီး လက်နက်ချအလင်းဝင်သူများကို အသက်ရှင်ခွင့်ပေးမည် ဟုဆိုသည်။
စစ်ကောင်စီ၏ စစ်တက္ကသိုလ်တည်ရှိရာ ပြင်ဦးလွင်မြို့နှင့် ထိစပ်နေသည့် နောင်ချို မြို့နယ်သည် လက်ရှိတွင် စစ်ကောင်စီကင်းစင်သည့် မြို့ဖြစ်လာပြီး နောင်ချိုမြို့သိမ်း တိုက်ပွဲတွင် အတွဲလိုက်ပစ် ဒုံးများအပါအဝင် လက်နက်ခဲယမ်းအများအပြားနှင့် စစ်သုံ့ပန်းများကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သိမ်းပိုက်ရရှိခဲ့သည့် နောင်ချိုမြို့နယ်တွင် စစ်ကောင် စီ၏ ခြေမြန်တပ်ရင်း ၁၁၄၊ ၁၅၅ နှင့် ဒုံးတပ်ရင်း ၆၀၆ အပါအဝင် တပ်စခန်းပေါင်း ၁၄ ခုအခြေစိုက်ထားသည့် မြို့ဖြစ်သည်။
ဓာတ်ပုံ-ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး
#မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် #MDYPDF #လေယာဉ်ပစ်စက်သေနတ် #လေ့ကျင့်ပြင်ဆင် #ကြေညာ #Ayeyarwadd_Times