ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၀ ရက်

သတ်မှတ်စျေးနှုန်းထက် ရောင်းချမှုကြောင့် ထိန်းသိမ်းခံထားရတဲ့ ဂျပန်အမျိုးသားကို ချက်ချင်း လွှတ်ပေးဖို့ ဂျပန်နိုင်ငံက အင်္ဂါနေ့မှာ မြန်မာစစ်ကောင်စီကို တောင်းဆိုခဲ့တယ်လို့ ဂျပန်အစိုးရအဖွဲ့ ပြော ရေးဆိုခွင့်ရှိသူ ယိုရှီမာဆာဟာယာရှီက ပြောပါတယ်။

“ဂျပန်နိုင်ငံသားကို စောလျင်စွာ လွှတ်ပေးဖို့နဲ့ ကာကွယ်စောင့်ရှောက်ပေးဖို့ မြန်မာစစ်ကောင်စီ အာဏာပိုင်တွေကို ကျွန်တော်တို့ တောင်းဆိုနေပါတယ်” လို့ သူက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြော ပါတယ်။

အသက် ၅၀ နှစ်အရွယ် ဟီရိုရှီကာဆာမတ်ဆုဟာ ဂျပန်စူပါမားကတ်တစ်ခုနဲ့ဆက်နွှယ်တဲ့ မြန် မာနိုင်ငံရှိ ဖက်စပ်လုပ်ငန်းတစ်ခုမှ အကြီးတန်းဝန်ထမ်းတစ်ဉီး ဖြစ်ပါတယ်။ သူဟာ အခြား ၁၀ ဉီးနဲ့အ တူ ဇွန်လ ၃၀ ရက်ကတည်းက ထိန်းသိမ်းခံထားရတာပါ။

ဂျပန်သံအမတ်ကြီး အိုင်ချီရိုမာရူယာမာနဲ့ သံရုံဝန်ထမ်းတွေဟာ ဟီရိုရှီကာဆာမတ်ဆုနဲ့ လူချင်း တွေ့ဆုံပြီးနောက် သူ့ရဲ့ကျန်းမာရေးအခြေအနေက စိုးရိမ်စရာမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

ဂျပန်ကောင်စစ်ဝန်ရုံးကလည်း ဟီရိုရှီကာဆာမတ်ဆု လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေ တယ်လို့ သိရပါတယ်။

ဂျပန်အစိုးရက ပြဿာနာကို ကောင်းမွန်စွာ ဖြေရှင်းနေတယ်လို့ ဂျပန်အစိုးရအဖွဲ့ရဲ့ အတွင်းရေး မှူးလည်းဖြစ်သူ ယိုရှီမာဆာဟာယာရှီက ပြောပါတယ်။

စစ်ကောင်စီအာဏာပိုင်တွေ သတ်မှတ်ထားတဲ့စျေးနှုန်းထက် ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအ ထိ စျေးတင်ရောင်းချမှုကြောင့် ဟီရိုရှီကာဆာမတ်ဆုကို ဖမ်းဆီးခဲ့တာလို့ ကျိုဒိုသတင်းဌာနက ပြီးခဲ့တဲ့ အပတ်အတွင်း ဖော်ပြခဲ့ပါတယ်။

ကိုးကား – Bernama
Ref; Tokyo urges Myanmar to free Japanese man held for selling rice at inflated price

#Ayeyarwaddy_Times