ဧရာဝတီတိုင်းမ်
သြဂုတ်လ ၉ ရက်

အမေရိကန်အစိုးရက ယူကရိန်းသို့ ဒေါ်လာ တစ်ဘီလီယံတန်ကြေးရှိ စစ်ရေးအကူအညီ ထပ်မံပေးပို့မည် ဖြစ်ရာ ရုရှားကျူးကျော်စစ်နောက်ပိုင်း စစ်လက်နက်တွေ အများဆုံးကူညီမှု ဖြစ်လာမယ်လို့ ပင်တဂွန်က ပြောပါ တယ်။

အမေရိကန်နိုင်ငံက ယူကရိန်းသို့ပေးပို့မယ့် စစ်ရေးအကူအညီမှာ HIMARS ဒုံးပစ်စနစ်တွေ၊ Javelin တင့် ဖျက်ဒုံး ၁၀၀၀၊ သံချပ်ကာနဲ့မော်တာဖျက်စနစ်တွေ၊ ထောင်ပေါင်းများစွာသော အမြောက်ကျည်တွေအပြင် သံချပ် ကာဆေးကုယာဉ် အစင်း ၅၀ နဲ့ ဆေးဝါးကိရိယာတွေ ပါဝင်မယ်လို့ ပင်တဂွန်က ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း သမ္မတ ဂျိုးဘိုင်ဒင် စတင်တာဝန်ယူပြီးနောက်ပိုင်း အမေရိကန်နိုင်ငံက ယူကရိန်းသို့ ပေးအပ်တဲ့ လုံခြုံရေးအကူအညီက စုစုပေါင်း ဒေါ်လာ ၉ ဒသမ ၈ ဘီလီယံအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

“ဒီစစ်လက်နက်တွေက အရှေ့ပိုင်းမှာ ရုရှားတပ်ဖွဲ့တွေရဲ့ထိုးစစ်ဆင်မှုကို တွန်းလှန်ရာမှာ ယူကရိန်းတပ် ဖွဲ့တွေအတွက် များစွာ အထောက်အကူဖြစ်စေပါတယ်” လို့ ကာကွယ်ရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး ကောလင်းခါးက ပင်တဂွန်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံနဲ့အတူ ရပ်တည်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့ပြီး ရုရှားကျူးကျော်စစ်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ ယူ ကရိန်းတပ်ဖွဲ့တွေကို ချီးကျူးလိုက်ပါတယ်။

ရုရှားတပ်ဖွဲ့တွေက အရှေ့ပိုင်းရှိ ဒိုးနက်ခ်ဒေသရှိ အရေးပါတဲ့မြို့ကြီးနှစ်ခုအပေါ် တိုက်ခိုက်ခဲ့ပြီး မြို့ကြီး တွေအပေါ် ဒုံးကျည်နဲ့အမြောက်ပစ်ခတ်မှုတွေ ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ယူကရိန်း စစ်ဘက်နဲ့ဒေသန္တရ တာ ဝန်ရှိသူတွေက ပြောပါတယ်။

ရုရှားကျူးကျော်စစ်နောက်ပိုင်း ယူကရိန်းနိုင်ငံမှာ အရပ်သား ၅၄၀၀ ကျော် သေဆုံးခဲ့ပြီး ၇၄၀၀ ခန့် ဒဏ် ရာရရှိခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကိုးကား – CBS News
Ref; Pentagon announces $1 billion in new U.S. military aid to Ukraine