အောင်မြသန်း/ဧရာဝတီတိုင်းမ်
(မအူပင်)၊သြဂုတ်လ ၉ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် အမှတ်(၃)ရပ်ကွက်မှာ ဩဂုတ်လ ၉ ရက်နေ့မနက်ပိုင်းက မုန့်ဆိုင်မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။

ကိုမွန်ဟန်းမုန့်ဆိုင်မှာ မနက် ၉ နာရီကျော်လောက်ကစတင်ကာ မီးလောင်တာဖြစ်ပြီး လူထိခိုက်သေဆုံးတာမျိုးတော့မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“မီးလောင်တာတော့ ဟုတ်တယ် လူအသေအပျောက်တော့မရှိဘူး ကိုမွန်ဟန်း မုန့်ဆိုင်မှာလောင်တာ မနက် ၉ နာရီ ၁၀ မိနစ်မှာစလောင်တာ၊ မုန့်တွေ သိုလှောင်ထားတဲ့ နေရာကနေ အပူလွန်ကဲပြီးလောင်တာ”လို့ မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

မီးလောင်ပြီး မိနစ်ပိုင်းမှာ မီးသတ်ကား ၂ စီးရောက်လာပြီး အချိန်မှီမီးငြိမ်သတ်နိုင်ခဲ့ပေမယ့် မီးလောင်မှု့ကြောင့် ပစ္စည်းဆုံးရှုံးတာတွေရှိသလို တန်ဖိုးကိုတော့ မခန့်မှန်းက်ဘူးလို့ဆိုပါတယ်။

မီးလောင်ကျွမ်းခဲ့တဲ့ မုန့်ဆိုင်ဟာ မုန့်မျိုးစုံသိုလှောင်ရောင်းချတဲ့ ဆိုင်ဖြစ်ပြီး ခုအကြိမ်မီးလောင်ကျွမ်းမှုအပါဝင် မီးလောင်မှု ၂ ကြိမ်ထိရှိပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

မအူပင်မြို့မှာ ဩဂုတ်လဆန်းပိုင်းကစတင်ကာ မိုးမဆက်မပြတ်ရွာ သွန်းနေတာဖြစ်ပြီး မိုးပါးတဲ့နေ့မှာပဲ မုန့်ဆိုင်မီးလောင်မှုဖြစ်ပွားခဲ့ သလို ဆုံးရှုံးမှုတန်ဖို့ အနည်းဆုံး ၁၀ သိန်းကျော်လောက်ရှိမယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုကြပါတယ်။