ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၁ ရက်

အစ္စရေးတပ်ဖွဲ့က ခန်းယူနစ်မြို့မှာ စစ်ရှောင်စခန်းတစ်ခုအဖြစ် အသုံးပြုနေတဲ့ စာသင်ကျောင်း တစ်ကျောင်းကို လေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ရာ စစ်ဘေးရှောင် ၂၉ ဦးထက်မနည်း သေဆုံးခဲ့ တယ်လို့ ပါလက်စတိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမာစ်က အစ္စရေးရဲ့တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပါတယ်။ ဒဏ်ရာ ရရှိသူတွေကို တင်ဆောင်လာတဲ့ မော်တော်ကားတွေ တစ်စင်းပြီးတစ်စင်း ရောက်ရှိလာပုံကို ဆေးရုံမှာ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်က ပြသပါတယ်။

လေကြောင်းတိုက်ခိုက်မှုမှာ ဒဏ်ရာရရှိမှုကြောင့် ဆေးကုသမှုခံယူနေရသူတွေထဲမှာ ကလေး ငယ်တွေလည်း ပါဝင်ပါတယ်။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အကာအကွယ်မဲ့ပြည်သူတွေအပေါ် လူမျိုးသုဉ်းစစ်ပွဲနဲ့ ကြောက်မတ်ဖွယ်ရာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုလို့ ဟားမာစ်အဖွဲ့က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

အစ္စရေးနိုင်ငံသားတွေအပေါ် အောက်တိုဘာလ ၇ ရက် တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ ဟားမာစ် တိုက်ခိုက်ရေးသမားတွေကို တိကျသော လေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ အစ္စရေးစစ် တပ်က ဇူလိုင်လ ၁၀ ရက်မှာ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

အရပ်သားတွေ ထိခိုက်ဒဏ်ရာရရှိတဲ့ဖြစ်စဉ်တွေကို စုံစမ်းစစ်ဆေးနေတယ်လို့ အစ္စရေးစစ်တပ် က ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေးနဲ့ ဟားမာစ်အဖွဲ့ ထိန်းသိမ်းထားတဲ့ အစ္စရေးဓားစာခံတွေ လွတ်မြောက် ရေးအတွက် စေ့စပ်ညှိနှိုင်းဖို့ မနေ့က ကာတာနိုင်ငံမှာပြုလုပ်တဲ့ အမေရိကန် CIA ညွှန်ကြားရေးမှူး၊ အ ခြားသူတွေနဲ့ ဆွေးနွေးမှုကို အစ္စရေး မောဆက်ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲ တက်ရောက်ခဲ့တယ် လို့ အစ္စရေးမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စီစဉ်ထားတဲ့ ဆွေးနွေးမှုကို ထိခိုက်လာမှာကို စိုးရိမ် မှုတေွ မြင့်တက်နေပါတယ်။

ကိုးကား – NHK
Ref; Palestinian media: Israeli airstrike on school killed 29

#Ayeyarwaddy_Times