
ဧရာဝတီတိုင်းမ်
ဇူလိုင် ၈ ရက်
အာဏာသိမ်းစစ်ကောင်စီရဲ့ မြန်မာနိုင်ငံတစ်ဝှမ်း အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကို ကူညီနေတဲ့ မြန်မာစစ်တပ်နဲ့ ဒေါ်လာ ဘီလီယံချီတန်ကြေးရှိ စစ်လက်နက်ကုန်သွယ်မှုတွေ အဆုံးသတ်ဖို့ ထင်ရှားသော လူ့အခွင့်အရေးကျွမ်းကျင်သူတစ်ဉီးက ကမ္ဘာ့အစိုးရတွေကို တောင်းဆိုနေပါတယ်။
အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေပြုလုပ်ရာမှာ အသုံးပြုနေတဲ့ စစ်လက်နက်တွေ မြန်မာစစ် ကောင်စီက ဝယ်ယူနိုင်ဖို့ နိုင်ငံတကာ ဘဏ္ဍာရေးစနစ်က ကူညီနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအ စီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီထံတင်ပြတဲ့ အစီရင်ခံစာ တစ်ခုမှာ ပြောပါတယ်။
မြန်မာစစ်တပ်ဟာ နိုင်ငံတကာငွေကြေးစနစ်မှတစ်ဆင့် နှစ်နှစ်တာကာလအတွင်း ဒေါ်လာ သန်း ၆၃၀ တန်ကြေးရှိ စစ်လက်နက်တွေ၊ နည်းပညာတွေ၊ ကိရိယာတွေနဲ့ ကုန်ကြမ်းတွေ ဝယ်ယူခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ စစ်လက်နက်ဝယ်ယူမှုနဲ့ပတ်သက်လို့ ငွေကြေးအလွှဲအပြောင်း ဆောင်ရွက်ပေး ခဲ့တဲ့ ပြည်ပဘဏ် ၁၆ ခုရှိတယ်လို့ သူက ဆိုပါတယ်။
စစ်ကောင်စီဟာ ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေမှတစ်ဆင့် ဒေါ်လာ သန်း ၁၃၀ နီး ပါးတန်ကြေးရှိ စစ်လက်နက်တွေ တင်သွင်းခဲ့ရာ ယခင်နှစ်ကထက် နှစ်ဆကျော် မြင့်တက်လာခဲ့တယ်လို့ သူက ထောက်ပြပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ဘဏ်တွေနဲ့ ငွေကြေးအလွှဲအပြောင်း ရပ်တန့်ဖို့နဲ့ မြန်မာ့စီးပွားရေး ဘဏ် အပါအဝင် စစ်ကောင်စီထိန်းချုပ်ထားတဲ့ဘဏ်တွေကို ဒဏ်ခတ်ပိတ်ဆို့ဖို့ သောမတ်အန်ဒရူးက ငွေကြေးအဖွဲ့အစည်းတွေနဲ့ ကမ္ဘာ့အစိုးရတွေကို တောင်းဆိုခဲ့ပါတယ်။
မြန်မာစစ်တပ်ထံ စစ်လက်နက်တွေတင်ပို့မှု ဖြတ်တောက်တဲ့လုပ်ဆောင်မှုအတွက် စင်ကာပူကို ချီးကျူးပြီး အခြားတိုင်းပြည်တွေက အလားတူလုပ်ဆောင်ကြဖို့ တောင်းဆိုပါကြောင်း ကုလသမဂ္ဂ လူ့အ ခွင့်အရေးဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ်ချယ်တေလာက ပြောပါတယ်။
“မြန်မာစစ်တပ်ရဲ့ လေယာဉ်ဆီရရှိမှု ဖြတ်တောက်ဖို့အပါအဝင် အကြမ်းဖက်မှုတွေ ထပ်မံ မကျူး လွန်နိုင်မယ့် နည်းလမ်းအားလုံး အသုံးပြုဖို့နဲ့ မြန်မာ့အရေးအတွက် ငြိမ်းချမ်းသောအဖြေရှာဖို့ လုံခြုံရေး ကောင်စီကို တိုက်တွန်းပါတယ်” လို့ ၎င်းက ဆိုပါတယ်။
မြန်မာပြည်သူတွေဟာ လုံခြုံရေးကောင်စီနဲ့ ကမ္ဘာ့အစိုးရတွေရဲ့ ပံ့ပိုးကူညီမှုကို လိုအပ်ပြီး အကူ အညီနဲ့ ထိုက်တန်တယ်လို့ သောမတ်အန်ဒရူးက ပြောပါတယ်။
ကိုးကား – VOA
Ref; Human rights expert slams global arms trade that bolsters Myanmar military crackdown
#Ayeyarwaddy_Times