
ဧရာဝတီတိုင်းမ်
ဇူလိုင် ၈ ရက်
နှစ်နိုင်ငံနယ်စပ်အနီး တောင်ကိုရီးယားနိုင်ငံရဲ့ မကြာသေးမီက စစ်ရေးလေ့ကျင့်မှုက ရန်စတဲ့ လုပ်ရပ်တစ်ခုလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ သြဇာကြီးမားသော ညီဖြစ်ဖြစ်သူ ကင်ယို ဂျောင်က ပြောကြားခဲ့တယ်လို့ နိုင်ငံပိုင် KCNA သတင်းဌာနက ယနေ့ ဖော်ပြပါတယ်။
တောင်ကိုရီးယားသမ္မတ ယွန်ဆတ်ခ်ယိုလ်ဟာ ပြည်တွင်းနိုင်ငံရေးမှာ သူ့ရဲ့ စွမ်းဆောင်ရည်ညံ့ ဖျင်းမှုကို လူထုရဲ့စိတ်ဝင်စားမှု လမ်းကြောင်းလွှဲဖို့ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ဖန်တီးနေ တယ်လို့ ၎င်းက စွပ်စွဲလိုက်ပါတယ်။
ယွန်ဆတ်ခ်ယိုလ်ကို တရားစွဲဆိုဖို့ တောင်းဆိုထားတဲ့ လက်မှတ်ရေးထိုးထားသူ တစ်သန်းကျော် တဲ့ အွန်လိုင်း အသနားခံစာတစ်ခုကို သူက ကိုးကားခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံက အချုပ်အခြာအာဏာ ချိုးဖောက်ခံရမှုကို စီရင်ပိုင်ခွင့်ရှိပြီး လက်နက် ကိုင်တပ်ဖွဲ့က ဖွဲ့စည်းပုံအခြေခံဉပဒေအရ မစ်ရှင်တစ်ရပ်ကို မြန်ဆန်စွာ ဆောင်ရွက်မယ်လို့ သူက ဆိုပါ တယ်။
၂၀၁၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယားစစ်တပ်ဟာ ဇွန်လနှောင်းပိုင်း မှာ အနောက်ပိုင်း ရေပိုင်နက်နယ်စပ်အနီး ကျည်အစစ်နဲ့ အမြောက်ပစ်ခတ်ခြင်း လေ့ကျင့်မှုကို ပြန်လည် စတင်ခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ တောင်ကိုရီးယားဘက်သို့ အမှိုက်ပါတဲ့ မိုးပျံပူပေါင်းတွေ လွှတ်တင်မှုကို ကန့်ကွက်တဲ့အနေနဲ့ တင်းမာမှုတွေ ဖြေလျှော့ဖို့ရည်ရွယ်ကာ ၂၀၁၈ ခုနှစ်မှာ မြောက်ကိုရီးယားနဲ့ လက် မှတ်ရေးထိုးခဲ့တဲ့ စစ်ဘက်ဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို ရပ်ဆိုင်းမယ်လို့ တောင်ကိုရီးယားက ပြီး ခဲ့တဲ့လအတွင်း ကြေညာခဲ့ပါတယ်။
ကိုးကား – VOA
Ref; North Korea’s Kim Yo Jong calls South Korean drills provocation, KCNA says
#Ayeyarwaddy_Times