ဧရာဝတီတိုင်းမ်
ဇူလိုင် ၈ ရက်

အာရက္ခတပ်တော် (AA) က သိမ်းယူထားသည့် ရခိုင်ပြည် နယ် ပေါက်တောမြို့မှ ကျေးရွာအချို့ကို စစ်ကောင်စီ က ဒရုန်းဖြင့် ဗုံးကြဲချ၍ တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါက်တောမြို့ရှိ ကျေးရွာ လေး ရွာဖြစ်သည့် သ၀န်ချောင်း၊ ပြိုင်းတောင်၊ သဲခုံ၊ မင်းတဲစသည့်ကျေးရွာ များကို ပြီးခဲ့သည့် ဇူလိုင် ၆ ရက် ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီက ဒရုန်းအသုံးပြု၍ ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“သဝန်ချောင်းကျေးရွာကို လေကြောင်းတိုက်ခိုက်တာ နှစ်လ ဆက်တိုက်ရှိပြီ။ ပထမတစ်ကြိမ်တုန်းက လူထိ တယ်။ မနေ့ကကြဲချတာတော့ ဗုံးအလုံး ၃၀ လောက်ရှိ တယ်။ သဝန်ချောင်းကို ဗုံး ငါး လုံးတောင်ကျတယ်။ နေ အိမ်တွေတော့ ပျက်စီးကုန်တယ်”ဟု ပေါက်တောဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် အဆိုပါ ကျေးရွာ လေးရွာကို ဒရုန်းအသုံး ပြု၍ ဗုံးအလုံး ၄၀ ခန့် ကြဲချခဲ့ပြီး ကျေးရွာများ အတွင်းရှိ နေအိမ်များထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇွန် ၁၁ ရက်နေ့ကလည်း Y 12 လေယာဉ်ဖြင့် ပေါက်တောမြို့နယ် မြို့ပေါ် ရပ်ကွက်(၁) ၊ သဝန်ချောင်းကျေးရွာ ဘုန်းကြီးကျောင်း အနီးဝန်းကျင်၊ မနော်သီရိကျေးရွာနှင့် လက်ပံပျားကျေးရွာတို့အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့ပြီး ဒရုန်းများဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ဒေသခံပြည်သူ ၁၀ ဦး ခန့် ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း AA ကထုတ်ပြန်ထားသည်။

ပုံစာ-စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့် ပေါက်တောမြို့ကို ပြီးခဲ့သည့် ဇန်နဝါရီနောက်ဆုံးပတ်က တွေ့ရစဉ်

#ရခိုင် #ပေါက်တော #စစ်ကောင်စီ #ဗုံးကြဲ #Ayeyarwaddy_Times