ဧရာဝတီတိုင်းမ်
ဇူလိုင် ၈ ရက်
ရှမ်းမြောက်၊ မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်း ၃ ခုကို တအာင်းတပ်မတော် (TNLA) နှင့် ပြည်သူ့ ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF တို့က သိမ်းပိုက် ရရှိခဲ့ကြောင်း သိရသည်။

ယနေ့ ဇူလိုင် ၈ ရက်နေ့တွင် စစ်ကောင်စီတပ်စခန်းများဖြစ်သည့် လက်ခုပ်ပင်စခန်း၊ လက်ခုပ်သံစခန်းနှင့် လယ်ကြီးစခန်းတို့ကို အပြီးသတ်သိမ်းပိုက်ရရှိ ကြောင်း TNLA ကထုတ်ပြန်ထားသည်။

နောင်ချိုမြို့နယ်တွင် ယနေ့ ဇူလိုင် ၈ ရက်နေ့ နံနက် ၄ နာရီ ၄၄ မိနစ်ခန့်က TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့ စစ်ကောင်စီ၏ ဒုံးတပ်ရင်း ၆၀၆ တပ်စခန်း တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဒုံးတပ်ရင်း ၆၀၆ စခန်းအနီးတစ်ဝိုက်သို့ စစ် ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် ၈ ကြိမ် လေ ကြောင်းတိုက်ခိုက်ခဲ့ပြီး နောင်ချိုမြို့အတွင်းရှိ စာသင် ကျောင်းသို့ ဂျက်ဖိုက်တာဖြင့် ၁ ကြိမ် လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ် သီပေါတံတားအနီးတစ်ဝိုက်တွင် ယနေ့ နံနက်ပိုင်း ၁၀ နာရီ ၂၀ မိနစ်ခန့်က TNLA နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

အလားတူ မိုးကုတ်မြို့နယ် မိုင်တိုင် ၅ နှင့် အိုက်ဆောင်တောင်အနီးတစ်ဝိုက်တွင် TNLAနှင့် စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းလက်အောက်ခံတပ်ဖြစ်သည့် ခလရ-၈၈ နှင့် ခလရ-၁၄၈ တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲနေရာသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက် တာဖြင့် လေကြောင်းပစ်ကူ ၁ ကြိမ် လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျောက်မဲမြို့နယ် စစ်ကောင်စီ၏ ခမရ ၅၀၁ တပ်စခန်းက ငြိမ်းချမ်းရေးကုန်းရှိရာသို့ လက်နက် ကြီးဖြင့် ၄ ကြိမ်တိုက်ခိုက်ခဲ့ပြီး မိုးမိတ်မြို့အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်က ရွှေဇာလီရွာသို့ လက်နက်ကြီးဖြင့် ၄ ကြိမ်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန

#ရှမ်းမြောက် #မိုးမိတ် #စစ်ကောင်စီ #တပ်စခန်း၃ခု #TNLA #MDYPDF #သိမ်းပိုက်
#Ayeyarwaddy_Times