ဧရာဝတီတိုင်းမ်
ဇူလိုင် ၇ ရက်

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မောင်တောမြို့ဘက်မှ စဉ်ဆက်မပြတ် လက်နက်ကြီးပစ်ခတ်သံတွေ ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ တက္ကနက်မြို့မှာ ဒေသခံတွေ အလုအယက် ဈေးဝယ်တာ တွေ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

မောင်တောမြို့ဘက်မှ မော်တာ၊ လက်နက်ကြီးပစ်ခတ်သံတွေအပြင် လေကြောင်းတိုက်ခိုက်တဲ့ ဆူညံသောအသံတွေ ကြားနေရတယ်လို့ နယ်စပ်နေဒေသခံတွေက ပြောပါတယ်။

စနေနေ့က နတ်မြစ်တစ်ဖက်ကမ်း ဆိပ်ခံတံတားတစ်ခုပေါ် သေနတ်ပစ်ခတ်သံတွေ ကြားခဲ့ရလို့ နတ်မြစ်တစ်လျောက်နေထိုင်တဲ့ ဒေသခံတွေ ကြောက်လန့်စွာနဲ့ နေထိုင်နေရတယ်လို့ သိရပါတယ်။

“တစ်ခါတစ်ရံ ကျယ်လောင်သော ပေါက်ကွဲသံတွေကြောင့် ကျွန်တော်တို့အိမ်တွေတောင် လှုပ် သွားခဲ့ပါတယ်” လို့ ဒေသခံတစ်ဉီးက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် စိန့်မာတင်ကျွန်းနဲ့ တက္ကနက်မြို့ကြား ရေကြောင်းပြေးဆွဲမှုကို အပြည့်အဝ ပြန်မစနိုင်သေးဘူးပါဘူး။

ပုံမှန်ရေလမ်းကြောင်း ပိတ်ဆို့ထားတာကြောင့် စိန့်မာတင်ကျွန်းသို့ ကုန်စည်တွေပို့ဆောင်ရာမှာ အစားထိုးလမ်းကြောင်းတွေကို အသုံးပြုခဲ့ရပါတယ်။

မောင်တောမြို့မှာ မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော် (AA) ကြား ပြင်းထန်သော တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) နဲ့ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့တို့က နတ် မြစ်တစ်လျှောက် ကင်းလှည့်စောင့်ကြပ်မှုတွေ တိုးမြှင့်ခဲ့ပါတယ်။

နယ်စပ်တစ်လျှောက် စိမ့်ဝင်မှုတွေကို တားဆီးဖို့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို တပ်လှုန့်ထား တယ်လို့ အမှတ် ၂ တက္ကနက် BGB ရဲ့ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မိုဟီဒင်အာမက်က ပြောပါတယ်။

ကိုးကား – Dhaka Tribune
Ref; Continuous shelling rocks Teknaf-Maungdaw border

#Ayeyarwaddy_Times