ဧရာဝတီတိုင်းမ်
ဇူလိုင် ၇ ရက်

ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်၊ ဆောင်ဘုံကျေးရွာအုပ်စု၏ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးအေးကျော်ဆိုသူသည် ဇူလိူင် ၆ရက်နေ့က ဓါးဖြင့်အထိုးခံရပြီး ဆေးရုံသို့ အရေးပေါ်တက်ရောက်ကုသနေရကြောင်း သတင်းရရှိသည်။

အုပ်ချုပ်ရေးမှူး ဦးအေးကျော်သည် ကျေးရွာအုပ်စုအတွင်းရှိ သုံးအိမ်စုကျေးရွာ မှ အမျိုးသားတစ်ဦးကို စစ်မှုထမ်းရန်မဲပေါက်သည်ဟုဆိုကာ သွားရောက်ပြောဆိုခဲ့ရာ ဓါးဖြင့်ထိုးခံရခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

“ဆေးရုံကိုအမြန်ပို့လိုက်ရတယ် ခုနောက်ပိုင်း သာပေါင်းအုပ်ကြီးတွေက စစ်မှုထမ်းဖို့ကိစ္စတွေမှာ မဲမနှိုက်တော့ပဲ သူတို့တွေ့တဲ့လူငယ်တွေကို ခေါ်တာများတယ်။ အဲ့ကိစ္စတွေ​နဲ့မကျေနပ်သူတွေများလာတာ ခုလုပ်တဲ့သူလဲ မမိသေးဘူး”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ဓါးဖြင့်အထိုးခံရသည့် အုပ်ချုပ်ရေး၏ ၀မ်းဗ်ိုက်နှင့်လည်ပင်းတို့တွင် ဓါးဒဏ်ရာ လေးချက်ခန့်ရရှိခဲ့ပြီး သာပေါင်းမှတစ်ဆင့် ပုသိမ်ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ၁၆ရက်နေ့ကလည်း သာပေါင်းမြို့နယ် ၊ကျေးရွာအုပ်စု၏ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်ကို စစ်မှုထမ်းခေါ်ယူမှုနှင့်ပတ်သက်ပြီး မကျေနပ်သောကြောင့်လူငယ်တစ်ဦးမှ ဓါးဖြင့်ခုတ်မှု ဖြစ်ပွါးခဲ့သည်။

ဓာတ်ပုံ-သာပေါင်းမြို့ ပြည်သူ့စစ်မှုထမ်းဥပဒေရှင်းလင်းပွဲ

#သာပေါင်းမြို့နယ် #ကျေးရွာအုပ်ချုပ်ရေးမှူး #စစ်မှုထမ်းမဲပေါက်သူက #ဓါးဖြင့်ထိုး #Ayeyarwaddy_Times