
ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ ရက်
ဇူလိုင်လ ၂ ရက်က အိန္ဒိယနိုင်ငံမြောက်ပိုင်း ဉတာပရာဒက်ရှ်ပြည်နယ်က ဘာသာရေးအခမ်းအ နားတစ်ခုမှာ လူအုပ်ပြိုမှုတစ်ခု ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၁၁၆ ဦးအထိ ရှိလာခဲ့ပြီလို့ ဒေသန္တရမီဒီယာ တွေနဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဥတာပရာဒက်ရှ်ပြည်နယ်ရဲ့မြို့တော် လပ်ခနောင်းမြို့ရဲ့ အနောက်တောင်ဘက် ကီလိုမီတာ ၃၅၀ ခန့်အကွာမှာ လူအုပ်ပြိုမှု ဖြစ်ပွားခဲ့တာပါ။
Hathras ခရိုင်က မတော်တဆဖြစ်စဉ်မှာ သေဆုံးသူအများစုက အမျိုးသမီးတွေနဲ့ ကလေးငယ် တွေဖြစ်တယ်လို့ ဒေသန္တရရုပ်သံဌာန NDTV က ဖော်ပြပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတစ်ရပ် ဆောင်ရွက်နေပြီး သေဆုံးသူတွေ မည်သူမည်ဝါ ဆိုတာဖော်ထုတ်နေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အခမ်းအနားမှာ လူ ၅၀၀၀ ခန့်သာ စုဝေးဖို့ ခွင့်ပြုထားပေမယ့် လူ ၁၅၀၀၀ ကျော် စုဝေးခဲ့တယ် လို့ ကနဦးသတင်းတွေက ဖော်ပြပါတယ်။
သေဆုံးသူတွေအတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ မိသားစုတွေနဲ့အတူ ဝမ်းနည်းရပါကြောင်း ပြည်နယ်ဝန်ကြီးချုပ် ယိုဂီအဒီယာနတ်က ပြောပါတယ်။
ဗဟိုအစိုးရရဲ့ကြီးကြပ်မှုနဲ့အတူ ဒေသန္တရအစိုးရအဖွဲ့ဟာ သေဆုံးသူအားလုံးကို ဖြစ်နိုင်ဖွယ်ရာ အကူအညီအားလုံး ပေးနေတယ်လို့ ကာကွယ်ရေးဝန်ကြီး ရာနတ်ဂျ်ဆင်းက ပြောပါတယ်။
ကိုးကား – Anadolu
Ref; Death toll from stampede in India religious event rises to 116
#Ayeyarwaddy_Times