
ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ ရက်
စစ်ကောင်စီသည် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ( Online Trading ) ဘဏ်များမှ တစ်ဆင့် ပို့ကုန်နှင့်သွင်းကုန်လုပ်ငန်းရှင်များထံ အမေရိကန်ဒေါ်လာ ၅ သန်းရောင်းချမည် ဖြစ်ကြောင်း ဇူလိုင် ၂ ရက်နေ့တွင် ဗဟိုဘဏ်က ထုတ်ပြန်သည်။
ဗဟိုဘဏ်သည် ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့က အမေရိကန်ဒေါ်လာများ ရောင်းချ ပြီးနောက် နှစ်ပတ်အကြာတွင် ထပ်မံရောင်းချခြင်းဖြစ်သည်။
စစ်ကောင်စီ၏ ဗဟိုဘဏ်သည် နိုင်ငံခြားငွေကြေးဈေးကွက်နှင့် ဘဏ်လုပ်ငန်များအပေါ် တင်းကျပ်စွာကိုင်တွယ်နေပြီး သတ်မှတ်နှုန်းထားထက်ကျော်လွန်ကာ အိမ်ရာချေးငွေ ( Housing Loan) များထုတ်ချေးသည့် ဘဏ်ခုနစ်ခုကိုအရေးယူမည်ဖြစ်ကြောင်း ဇူလိုင် ၁ ရက်နေ့က ထုတ်ပြန်သည်။
ယင်းဘဏ်များတွင် ရိုးမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ဧရာဝတီဘဏ်၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံဖြိုးရေးဘဏ်၊ ယူအေဘီဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေး အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံဖြိုးရေး ဘဏ်များပါဝင်သည်။
စစ်ကောင်စီက ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေပုဒ်မ ၁၅၄ အရ ဥပဒေနှင့် အညီထိရောက်စွာအရေးယူမည့် ပုဂ္ဂလိကဘဏ်များတွင် တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီ၏ ဒေါက်တိုင်အဖြစ်သက်မှတ်ထားသည့် နာမည်ကြီး ကမ္ဘောဇဘဏ် နှင့် CB ဘဏ်တို့ပါဝင်ခြင်း မရှိသည်ကို တွေ့ရသည်။
စစ်ကောင်စီအာဏသိမ်းထားသည့် ကာလတစ်လျှောက်လုံးတွင် ကမ္ဘောဇဘဏ် အွန်လိုင်း ငွေလွှဲ အပ်ပလီကေးရှင်း K Pay အသုံးပြုသူများ၏ လုံခြုံရေးစည်းမျဉ်းချိုး ဖောက်ခံရသည့်အပြင် K pay အကောင့်များပိတ်ခံရခြင်း၊ K pay မှတဆင့် ပြည်သူလူထု အပေါ် မကြာခဏလိမ်လည်ခံရခြင်းများရှိသော်လည်း တစ်စုံတစ်ရာ အရေးယူသတိ ပေးမှုမရှိကြောင်းတွေ့ရသည်။
ဗဟိုဘဏ်သည် ဘဏ်လုပ်ပန်းစနစ်နှင့် ငွေးပေးချေမှုစနစ်တွင် ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုရယူသူအကာကွယ်ပေးမှုကိုဖော်ဆောင်မြှင့်တင်ခြင်း၊ အကောင်အထည် ဖော်ခြင်းနှင့် အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၅ တွင် ပြဌာန်းထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#စစ်ကောင်စီဒေါ်လာရောင်းချမည် #ကန်ဒေါ်လာ၅သန်း #ကမ္ဘောဇဘဏ် #CBဘဏ် #Ayeyarwaddy_Times