ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ ရက်

တကျော့ပြန်တိုက်ပွဲများ ပြင်းထန်လာသည့် ရှမ်းမြောက်၊ လားရှိုးမြို့နယ်ရှိ လေကြောင်း လိုင်းများ ခရီးစဉ်ပြေးဆွဲမှု ရပ်နားပိတ်သိမ်းထားကြောင်း သိရသည်။

ယနေ့ ဇူလိုင် ၃ ရက်နေ့မှစတင်ပြီး လားရှိုးမြို့သို့ ပျံသန်းပြေးဆွဲနေသည့် Myanmar Airways International (MAI)နှင့် Mingalar Airline တို့သည် လားရှိုး ခရီးစဉ်များကို ဖျက်သိမ်းခဲ့ပြီး လေယာဉ်လက်မှတ်အရောင်းဌာနမှလည်း လက်မှတ် ဝယ်ယူ ထားသူများကို ငွေများပြန်အမ်းပေးနေကြောင်း လေကြောင်းလိုင်းများထံက သိရသည်။

“လေကြောင်းလိုင်းတွေ ရပ်ထားတယ်။ လားရှိုးကိုတက်မယ့် ဘယ်ခရီးစဉ်ဖြစ်ဖြစ် ခရီးစဉ်တွေဖျက်ထားတယ်။ လေကြောင်းခရီးစဉ်တွေကို ရပ်နားထားပါတယ်”ဟု လေကြောင်းလိုင်းနှင့် နီးစပ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လားရှိုးမြို့အနီးတွင် ယမန်နေ့ညပိုင်းမှစတင်ပြီး တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွား လာသည့်အပြင် ယနေ့ ဇူလိုင် ၃ ရက်နေ့ နံနက်ပိုင်းအထိ တိုက်ပွဲဆက်လက် ဖြစ်ပွားနေသည့်အတွက် အဆိုပါလေကြောင်းလိုင်းများကို ပိတ်သိမ်းထားခြင်း ဖြစ်ကြောင်း သိရသည်။

ရှမ်းမြောက် လေကြောင်းခရီးစဉ်များကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ နောက်ဆုံးပတ်မှစတင်၍ ရပ်နားထားခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လဒုတိယပတ်တွင် လေကြောင်းခရီးစဉ်များ ပြန်လည်ဖွင့်လှစ် ပျံသန်းပြေးဆွဲခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ-MOI
ပုံစာ-လားရှိုူးလေဆိပ်ကိုတွေ့ရစဉ်(ပုံဟောင်း)

#ရှမ်းမြောက် #လားရှိုးလေဆိပ် #လေကြောင်း #ခရီးစဉ်ဖျက်သိမ်း #ရပ်ား #Ayeyarwaddy_Times