ဓာတ်ပုံ-ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ (KPS)

ရာဝတီတ်ိုင်းမ်
ဇွန်လ ၂၇ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီး ကြပ်ရေးဝန်ကြီးဌာန အောက်ရှိ ကလေးမြိုနယ် ပြည်သူ့ရဲတပ်ဖွဲ့က ဇွန်လ ၂၆ ရက်မှာ ကျရောက်သည့် (၃၅) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်အလွဲသုံးမှုနဲ့ တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ဖမ်ဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ထံကသိရသည်။

အဆိုပါဖျက်ဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများသည် ၆ လအတွင်း ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများဖြစ်ပြီး ဘိန်းဖြူ ၂၉၃ ဂရမ်၊ ကာလတန်ဖိုး ကျပ် ၂၆၄၅၀၀၀၊ ဘိန်းမြ ၂၉၈၃ ဂရမ် ၊ ကာလတန်ဖိုး ကျပ် ၈၀၀၀၀၀၀၊ WY တံဆိပ်ပါ စိတ်ကြွဆေးပြား ၃၉၅၄ ပြား ၄၅၂ ဂရမ် ကာလတန်ဖိုး ကျပ် ၁၃၁၀၀၀၀ တို့ဖြစ်သည်။

ထို့ပြင်မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုသည့်ဆေးထိုး အပ်၁၀ ချောင်းတို့ကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ကလေးမြို့နယ်ပြည်သူ့ရဲ့တပ်ဖွဲ့က ပြောသည်။

ဓာတ်ပုံ-ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ (KPS)