ဧရာဝတီတိုင်းမ်
ဇွန်လ ၂၆ ရက်
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေဒေသရှိ စစ်ကောင် စီတပ်၏ရှေ့တန်းစစ်အခြေစိုက်စခန်းဖြစ်သည့် ဥကရစ်ထ စစ်စခန်းကို ယနေ့ ဇွန်လ ၂၆ ရက် မနက်စောပိုင်းကစတင်၍ တိုက်ခိုက်နေရာ လက်ရှိအချိန်ထိ တိုက်ခိုက်နေဆဲဖြစ်ပြီး တိုက်ပွဲသတင်းအသေးစိတ်ကို အတည်ပြုထုတ်ပြန်ပေးသွားမည်ဟု မြေပြင်တွင်တိုက်ခိုက်နေသည့် KNDO အထူးကွန်မန်ဒိုတပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး စောစလုံးမှ မြန်မာစံတော်ချိန် ည ၇ နာရီ ၄၀ မိနစ်တွင် ဧရာဝတီတိုင်းမ်သတင်းဌာနကို ယခုကဲ့သို့ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်စခန်းအား KNDO၊ KNLA ၊ PDF ဆင်ဖြူရှင်စစ်ကြောင်း၊ ကော်ဘရာစစ်ကြောင်းတို့မှပူး ပေါင်း တိုက်ခိုက်နေခြင်းဖြစ်ပြီး တပ်စခန်း သိမ်းပိုက်ရရှိခဲ့သည်ဟု သတင်းဖော်ပြနေမှုများအပေါ် KNDO တပ် ရင်းမှူး မှ ယခုကဲ့သို့တုန့်ပြန်ပြောဆိုခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲအခြေအနေအား ဧရာဝတီတိုင်းမ်သတင်းဌာနမှ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ထုတ်ပြန်လာပါက အချိန်နှင့်တပြေးညီ ထုတ်ပြန်တင်ပြပေးသွားပါမည်။
ရုပ်သံ – ဧရာဝတီတိုင်းမ်