
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁ ရက်
တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ စနေနေ့က မြန်မာသမ္မတဟောင်း ဦးသိန်းစိန်နဲ့ ပေကျင်းမြို့တော်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ဦးသိန်းစိန်ဟာ တရုတ်ပြည်သူတွေရဲ့ မိတ်ဆွေဟောင်းတစ်ဉီးလို့ တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် ဝမ်ယိက ခေါ်ဆိုခဲ့ပြီး လွန်ခဲ့သော နှစ် ၇၀ က တရုတ်ခေါင်းဆောင်တွေ ဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်ကို အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်ရဲ့အဆိုပြုချက်ကို မြန်မာနိုင်ငံက ပထမဆုံး တုံ့ပြန်ခဲ့ပြီး အဆိုပါ ငြိမ်းချမ်းစွာ အတူယှဉ် တွဲနေထိုင်ရေးမူကြီး ၅ ရပ်က အာရှတိုင်းပြည်တွေကြား ဆက်ဆံရေး မြှင့်တင်ပေးခဲ့တယ်လို့ သူက ပြော ပါတယ်။
နှစ် ၇၀ ကြာတဲ့အခါမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်ဟာ ခေတ်မီသေးယုံ သာမက ကြီးမားသော အသက်ပါမှုကိုလည်း ပြသနေတယ်လို့ သူက ပြောပါတယ်။
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်ဟာ ကမ္ဘာကြီး လက်ရှိ ရင်ဆိုင်နေရတဲ့ စိန်ခေါ် မှုအသီးသီးကို ဖြေရှင်းရာမှာ အရေးပါတယ်လို့ ၎င်းက ထောက်ပြပါတယ်။
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ် ဖော်ဆောင်မယ့် ကြိုးပမ်းမှုတွေပြုလုပ်ဖို့နဲ့ တ ရုတ်နဲ့မြန်မာအသိုင်းအဝိုင်းတစ်ရပ် တည်ဆောက်ဖို့ တရုတ်နိုင်ငံက မြန်မာနဲ့ လက်တွဲဆောင်ရွက်ဖို့ ဆန္ဒ ရှိတယ်လို့ သူက ဆိုပါတယ်။
တရုတ်နဲ့မြန်မာဟာ ရေရှည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တဲ့ ချစ်ကြည်ရင်းနှီးသော အိမ်နီး ချင်းတွေဖြစ်တယ်လို့ ဉီးသိန်းစိန်က ပြောပါတယ်။
မြန်မာက တရုတ်နဲ့ဆက်ဆံရေးကို အလေးထားပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ် ရှေ့ဆက်ထိန်းသိမ်းဖို့ တရုတ်နဲ့ လက်တွဲဆောင်ရွက်လိုပါကြောင်း၊ နယ်ပယ်အသီးသီးတွင်း ပူး ပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုပြီး အနာဂတ်မှာ နှစ်နိုင်ငံကြား အသိုင်းအဝိုင်းတစ်ရပ် ပူးတွဲတည်ဆောက် လိုကြောင်း ၎င်းက ဆိုပါတယ်။
ကိုးကား – Xinhua
Ref; Chinese FM meets Myanmar’s former president
#Ayeyarwaddy_Times