
ဧရာဝတီတိုင်းမ်
ဇွန် ၂၇ ရက်
အိန္ဒိယနယ်စပ်အနီးမှာ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်နေတဲ့အပေါ် အလွန်အမင်း စိုးရိမ်မိ ကြောင်း စစ်ကောင်စီခန့် ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့တွေ့ဆုံမှုမှာ အိန္ဒိယ ပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာက ထုတ်ဖော်ပြောခဲ့ပြီး မြဝတီမြို့မှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံ သားတွေ စောလျင်စွာ ပြန်ခေါ်ရေး ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။
အိမ်နီးချင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုလမ်းကြောင်းပေါ် စောလျင်စွာ ပြန် သွားဖို့လည်း အိန္ဒိယနိုင်ငံက တောင်းဆိုခဲ့ပါတယ်။
“ယနေ့ နယူးဒေလီမြို့မှာ ခရီးတစ်ထောက်နားတဲ့ စစ်ကောင်စီခန့် ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံ ခြားရေးဝန်ကြီး ဉီးသန်းဆွေနဲ့ တွေ့ဆုံကာ မိမိတို့နယ်စပ်အနီး မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေနဲ့ မတည်ငြိမ်မှုတေွ ဆက်ဖြစ်နေတာကို အလွန်အမင်း စိုးရိမ်မိတဲ့အကြောင်း ဆွေးနွေးခဲ့ပါတယ်” လို့ ဂျိုင် ရှန်ကာက လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုလမ်းကြောင်းပေါ် အမြန်ဆုံး ပြန်သွားဖို့ တိုက် တွန်းခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက ဘယ်လိုနည်းနဲ့မဆို မြန်မာကို ကူညီဖို့ အဆင်သင့်ရှိပါတယ်” လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံရှိ အိန္ဒိယငွေကြေးထောက်ပံ့တဲ့ လက်ရှိစီမံကိန်းတွေကို ယုံကြည်လောက်တဲ့ လုံခြုံ ရေး ကာကွယ်စောင့်ရှောက်မှုပေးဖို့လည်း အိန္ဒိယနိုင်ငံက တောင်းဆိုခဲ့ပါတယ်။
တရားမဝင် မူးယစ်ဆေးဝါး၊ လက်နက်မှောင်ခိုကူးမှုနဲ့ လူကုန်ကူးမှုတွေဟာ အဓိက စိန်ခေါ်မှု တွေ ဖြစ်ပါတယ်။ မြန်မာ့အရေး ဖြေရှင်းရာမှာ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ အိန္ဒိယနိုင်ငံက လမ်းဖွင့်ထားပါတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
မြဝတီမြို့က ကျားဖြန့်လုပ်ငန်းတွေမှာ ပိတ်လှောင်ခံနေရတဲ့ အိန္ဒိယနိုင်ငံသား ခန့်မှန်းချေ ၁၀၀ ခန့် စောလျင်စွာ နေရပ်ပြန်နိုင်ရေးကိစ္စရပ်ကိုလည်း ဆွေးနွေးခဲ့တယ်လို့ သူက ဆိုပါတယ်။
ကိုးကား – The Indian Express
Ref; Hope early return to path of democratic transition, Jaishankar tells Myanmar Dy PM
#Ayeyarwaddy_Times