ဧရာဝတီတိုင်းမ်
ဇွန် ၂၇ ရက်

ထိုင်းဘဏ်တွေဟာ မြန်မာစစ်ကောင်စီအတွက် နိုင်ငံတကာ ငွေကြေးဝန်ဆောင်မှု အဓိက ဆောင်ရွက်ပေးသူ ဖြစ်လာခဲ့ပြီး ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို စစ်ပွဲဆင်နွှဲဖို့ စစ်လက်နက်တွေ ဝယ်ယူနိုင်ရေး အထောက်အကူပြုနေတယ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူ တစ်ဉီးက အစီရင်ခံစာတစ်ခုအတွင်း ပြောပါတယ်။

အမေရိကန်၊ ဉရောပသမဂ္ဂနဲ့ အခြားတိုင်းပြည်တွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေက စစ်ကောင်စီရဲ့ ယခင်အရင်းအမြစ်တွေကို ပိတ်ဆို့ထားရာ စစ်ကောင်စီက ငွေကြေးဝန်ဆောင်မှုပေးသူတွေ ပြောင်းလဲပြီး စစ်လက်နက်တွေ ဘယ်လို ဆက်လက်ဝယ်ယူခဲ့တယ်ဆိုတာကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အစီရင် ခံစာတင်ပြသူ သောမတ်အန်ဒရူးရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။

မြန်မာစစ်ကောင်စီရဲ့ စီးပွားရေးလုပ်တာကို စင်ကာပူကုမ္ပဏီတွေက ရုတ်သိမ်းခဲ့တာကြောင့် မြန် မာနိုင်ငံရဲ့အရှေ့ဘက် အိမ်နီးချင်း ထိုင်းနိုင်ငံမှ ကုမ္ပဏီတွေက အစားထိုးဝင်ရောက်လာတာလို့ အစီရင်ခံ စာက ဆိုပါတယ်။

စစ်ကောင်စီဟာ ရှင်သန်နိုင်ဖို့နဲ့ စစ်လက်နက်ထောက်ပံ့မှုတွေရရှိဖို့ ကျယ်ပြောသော နိုင်ငံတကာ ဘဏ်ကွန်ရက်တစ်ခုနဲ့ ဆက်လက် ထိတွေ့နေတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

“ပြီးခဲ့တဲ့နှစ်အတွင်း ၇ နိုင်ငံမှာရှိတဲ့ ဘဏ် ၁၆ ခုက စစ်ကောင်စီနဲ့ဆက်စပ်တဲ့ စစ်လက်နက်ဝယ် ယူမှုအတွက် ငွေကြေးအလွှဲအပြောင်း ပြုလုပ်ခဲ့ပြီး အာဏာသိမ်းမှုနောက်ပိုင်း ဘဏ် ၂၅ ခုက မြန်မာနိုင် ငံပိုင်ဘဏ်တွေကို ဘဏ်လုပ်ငန်းဝန်ဆောင်မှု ဆောင်ရွက်ပေးခဲ့ပါတယ်” လို့ “Banking on the Death Trade: How Banks and Governments Enable the military junta in Myanmar,” လို့ အမည်ပေးထား တဲ့ ကုလသမဂ္ဂ လု့အခွင့်အရေးကောင်စီကို တင်ပြတဲ့အစီရင်ခံစာမှာ သောမတ်အန်ဒရူးက ရေးသားခဲ့ပါ တယ်။

“သတင်းကောင်းကတော့ မြန်မာစစ်ကောင်စီဟာ ပိုပြီး အထီးကျန်ဆန်လာပါတယ်။ မြန်မာစစ် တပ်ရဲ့ တတိယတိုင်းပြည်တစ်ခုရှိ တရားဝင် ဘဏ်လုပ်ငန်းမှတစ်ဆင့် စစ်လက်နက်ဝယ်ယူမှုဟာ ၂၀၂၃ ခုနှစ်၊ မတ်လမှ ယခုနှစ်အထိ ဒေါ်လာ ၃၇၇ သန်းမှ ဒေါ်လာ ၂၅၃ သန်းအထိ လျှော့နည်းလာခဲ့ပါတယ်” လို့ ၎င်းက ထောက်ပြပါတယ်။

သတင်းဆိုကတော့ မြန်မာစစ်ကောင်စီဟာ ဒဏ်ခတ်ပိတ်ဆို့မှု အစီအမံတွေကို ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေ အပြောင်းအလဲလုပ်ပြီး ရှောင်ရှားခဲ့တာဖြစ်ပါတယ်လို့ သူက ဆိုပါတယ်။

စင်ကာပူအခြေစိုက် ဘဏ်တွေက ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီ စစ်လက်နက်ဝယ်ယူမှုရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို ဘဏ်လုပ်ငန်းတွေကနေ ဆောင်ရွက်ပေးခဲ့ပေမယ့် ၂၀၂၃ ခုနှစ်မှာ ၂၀ ရာခိုင်နှုန်း လျော့နည်းသွားခဲ့တယ်လို့ သူက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေရဲ့ တင်ပို့မှုတွေက ၂၀၂၂ ခုနှစ်မှာ ဒေါ်လာ သန်း ၆၀ နီးပါးသာရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်မှာ ဒေါ်လာ သန်း ၁၃၀ အထိ ရှိလာခဲ့ပါတယ်။

အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာ အသုံးပြုခဲ့တဲ့ Mi-17 နဲ့ Mi-35 ရဟတ်ယာဉ်တွေအတွက် အပိုအစိတ်အပိုင်းတွေကို စင်ကာပူအခြေစိုက် ကုမ္ပဏီတွေမှတစ်ဆင့် ဝယ်ယူခဲ့ပေမယ့် အခုဆိုရင် ထိုင်းကုမ္ပဏီတွေကတစ်ဆင့် ပြောင်းလဲဝယ်ယူနေပါတယ်” လို့ အစီရင်ခံစာ က ဖော်ပြပါတယ်။

ထိုင်းဘဏ်တွေဟာ မြန်မာစစ်တပ်အတွက် နိုင်ငံတကာစီးပွားရေး ဆောင်ရွက်ရာမှာ အရေးပါ သော အခန်းကဏ္ဍကနေ ပါဝင်နေကြောင်း၊ Siam Commercial Bank က ၂၀၂၂ ခုနှစ်အတွင်း မြန်မာစစ် တပ်အတွက် စစ်လက်နက်ဝယ်ယူမှုနဲ့ဆက်စပ်ပြီး ငွေကြေးအလွှဲအပြောင်း ဒေါ်လာ ၅ သန်းကျော် ဝန် ဆောင်မှုဆောင်ရွက်ပေးခဲ့ပေမယ့် ၂၀၂၃ ခုနှစ်မှာ ဒေါ်လာ သန်း ၁၀၀ ကျော်အထိ ဆောင်ရွက်ပေးခဲ့တယ် လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

ကိုးကား – Mail Online
Ref; Thai banks are the top suppliers of financial services to Myanmar´s military, UN expert says

#Ayeyarwaddy_Times