ဧရာဝတီတိုင်းမ်
ဇွန် ၂၅ ရက်

ထိုင်းရဲတပ်ဖွဲ့ဟာ ဒီလအစောပိုင်းက ဗန်ကောက်နဲ့ အနီးအနားပြည်နယ်တွေမှာ ရှစ်ရက်ကြာ စစ်ဆင်ရေးတစ်ခုအတွင်း လာအို၊ မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံမှ ရွှေ့ပြောင်းလုပ်သား ၂၆၀၀၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေ အစုလိုက်အပြုံလိုက် ဝင်ရောက်မှုနဲ့ပတ်သက်လို့ တိုင်ကြား မှုတွေကြောင့် ရဲတပ်ဖွဲ့က အခုလို ရွှေ့ပြောင်းလုပ်သားတွေကို ဖမ်းဆီးခဲ့ရတာလို့ ဗန်ကောက်အခြေစိုက် Migrant Working Group မှ အဒီဆွန်က ပြောပါတယ်။

“တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေဟာ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း သူတို့ရဲ့ အလုပ်အကိုင် နေရာတွေကို ယှဉ်ပြိုင်လာတယ်လို့ ထိုင်းလူမျိုးအချို့က ရှုမြင်ကြပါတယ်။ ဒါကြောင့် ဝန်ကြီးဌာနက ပြင်းထန်သော အရေးယူမှု ပြုလုပ်တာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်နဲ့ မကြာသေးမီက စစ်မှုထမ်းဉပဒေ အကောင်အထည်ဖော်ဆောင်မှု ကြောင့် ထောင်ပေါင်းများစွာသော မြန်မာလူငယ်တွေ ထိုင်းနိုင်ငံထဲ ထွက်ပြေးစေခဲ့ပါတယ်။

ထိုင်းအာဏာပိုင်တွေက ဇွန်လ ၅ ရက်နဲ့ ၁၂ ရက်အတွင်း မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သား ၂၀၁၁၁ ဉီး၊ လာအိုမှ ၁၆၅၉ ဉီးနဲ့ ကမ္ဘောဒီးယားမှ ၃၉၇၁ ဉီးကို ဖမ်းဆီးကာ စစ်ဆေးခဲ့တယ်လို့ အလုပ်သ မားဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ သိရပါတယ်။

ယခုလို ရွှေ့ပြောင်းလုပ်သားတွေကို အရေးယူမှုဟာ လုပ်ငန်းခွင်တွေကို စစ်ဆေးပြီး ရွှေ့ပြောင်း လုပ်သားတွေကို ဖမ်းဆီးမယ့် ရက် ၁၂၀ ကြာ အစီအစဉ်ရဲ့အစ ဖြစ်ပါတယ်။

အထောက်အထားမဲ့လုပ်သားတွေဟာ ဒဏ်ကြေး ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ၊ နေရပ်ပြန်ပို့မှု နဲ့ ထိုင်းနိုင်ငံသို့ ၂ နှစ်ကြာ ဝင်ရောက်ခွင့်ပိတ်ပင်တာ ရင်ဆိုင်ရမယ်လို့ သိရပါတယ်။

ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင် ၁၇၇၄ နေရာကို စီးနင်းခဲ့တယ်လို့ မြန်မာအလုပ်သမားအ ရေး ကူညီတဲ့ Joint Action Committee on Burmese Affairs ရဲ့ ဉက္ကဌ ဉီးမိုးကြိုးက ပြောပါတယ်။

ကိုးကား – RFA
Ref; Thai police detain 26,000 migrant workers from Laos, Myanmar and Cambodia

#Ayeyarwaddy_Times