ဧရာဝတီတိုင်းမ်
ဇွန် ၂၁ ရက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ မပစ်ခတ်ဖို့ မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော် (AA) ကို ပြည်ထဲ ရေးဝန်ကြီး အဆာဒူဇာမန်းခန်းကာမယ်လ်က သတိပေးခဲ့ပြီး ပစ်ခတ်မှုပြုလုပ်ရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်တုံ့ပြန်မယ်လို့ ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးက မြန်မာစစ်တပ်ကို တိုက်ခိုက်နေကြောင်း၊ AA က ရခိုင်ပြည်နယ်မှာ နယ်မြေများစွာကို သိမ်းပိုက်ခဲ့ရာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးမှုတွေ ဖြစ်ခဲ့ရတယ်လို့ သူက ရှင်းပြပါတယ်။

“မြန်မာနိုင်ငံတွင်းက အခြေအနေကို အတိအကျ မပြောနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အ တည်ပြုနိုင်တာ သူတို့က တစ်ခါတစ်ရံ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ကို မှားယွင်းပြီး ပစ်ခတ်ခဲ့ပါ တယ်။ ဘင်္ဂလားဒေ့ရှ်အလံကို မြင်ရင် မပစ်ခတ်ဖို့ ကျွန်တော်တို့ သူတို့ကို အကြောင်းကြားထားပါတယ်” လို့ ၎င်းက ပြောပါတယ်။

နတ်မြစ်အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ ရေပြင်ကျယ်သောအပိုင်းအချို့ ပျောက်ဆုံးသွားခဲ့လို့ တက်ကနက်ခ်မှ စိန့်မာတင်ကျွန်းအထိ ရေလမ်းကြောင်းတွေ ထိခိုက်ခဲ့ရတယ်လို့ သူက ဆိုပါတယ်။

ထိုအခြေအနေကြောင့် မြန်မာပိုင်နက်မှတစ်ဆင့် ဖြတ်သန်းဖို့ လိုအပ်စေလို့ ပြဿနာတွေ ဖြစ်စေ ခဲ့တယ်လို့ ၎င်းက ပြောပါတယ်။

“တစ်ခါတစ်ရံ မြန်မာစစ်တပ်နဲ့ AA က ပစ်ခတ်ပါတယ်။ မြန်မာစစ်တပ်နဲ့ AA က ပစ်ခတ်ရင် ပြန်ပစ်ခတ်မယ်လို့ ကျွန်တော်တို့ အကြောင်းကြားခဲ့ပါတယ်။ နောက်ထပ် ပစ်ခတ်မှုတွေ မရှိတော့ဖို့ ကျွန် တော်တို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ဒီလမ်းကြောင်းကနေ ခရီးသွားမယ်ဆိုရင် သတိထားသင့်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ကိုးကား – Dhaka Tribune
Ref; Home Minister: Further firing from Myanmar will be met with retaliation

#Ayeyarwaddy_Times