
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇွန် ၁၉ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို စနိုက်ပါဖြင့် အလစ်အငိုက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) ထံကသိရသည်။
ဇွန်လ ၁၇ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က ထားဝယ်မြို့ နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးရှိ အင်အား ၃၀ ဝန်းကျင်ခန့်ရှိသည့် ဘုရားမဲစစ်ဆေးရေးဂိတ်ကို တော်လှန်ရေး ပူးပေါင်းတပ်များက စနိုက်ပါဖြင့် အလစ်ငိုက်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“အဲဒီ စစ်ဆေးရေးဂိတ်မှာက အင်အားက များတယ်ဗျ။ သုံးဆယ်လောက် ကိုရှိတာ။ ကျွန်တော်တို့ သူတို့ (စစ်ကောင်စီ) စစ်ဆေးရေးဂိတ်ကို အလစ်အငိုက် စနိုက်ပါနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ မျက်စိရှေ့မှာတင် နှစ်ကောင်သေနေတာတွေ့တယ်” ဟု ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲ့ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီ တပ်ဘက်မှ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့်ထားဝယ် မြို့ပြပြောက်ကျားတပ်ဖွဲ့(DGRF ) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက် မရှိဆုတ်ခွာလာနိုင်ခဲ့ကြောင်းသိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေးများ အရှိန်အဟုန်တိုးမြှင့်စွာ ဆောင်ရွက် နေသည့်အချိန်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ရေးအထူးသတိပြု သွားလာ နေထိုင်ကြရန် တနင်္သာရီရှိ တော်လှန်ရေးတပ်ဖွဲ့များက အသိပေး ထုတ်ပြန်ထားသည်။
ပုံစာ-ယမန်နေ့ ဇွန်လ ၁၇ ရက်နေ့က ဘုရားမဲစစ်ဆေးရေးဂိတ်ကို စနိုက်ပါဖြင့် သွားရောက်ပစ်ခတ်တိုက်ခဲ့စဥ်။
#ထားဝယ်မြို့ #ဘုရားမဲစစ်ဆေးရေးဂိတ် #စစ်ကောင်စီတပ်ဖွဲ့ဝင်များ #စနိုက်ပါ #ပစ်ခတ်ခံရ #စစ်သား၂ဦးသေဆုံး #Ayeyarwaddy_Times