
ဧရာဝတီတိုင်းမ်
ဇွန် ၁၈ ရက်
ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကို ခိုင်မာစွာ ထောက်ခံတဲ့အတွက် နျူကလီးယားလက်နက်ပိုင် နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးမြှင့်ဖို့ရည်ရွယ်တဲ့ သူ့ရဲ့ ပြုံယမ်းခရီးစဉ်မတိုင်မီ ရုရှားသမ္မတ ဗလာဒီမာပူ တင်က ချီးကျူးလိုက်ပါတယ်။
“ယူကရိန်းနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ရုရှားရဲ့ အထူးစစ်ဆင်ရေးကို မြောက်ကိုရီးယားက ခိုင်မာ စွာ ထောက်ခံတာကို ကျွန်တော်တို့ များစွာ အသိအမှတ်ပြုပါတယ်” လို့ နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ပူတင်က ရေးသားခဲ့ပါတယ်။
ပူတင်ဟာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံး မြောက်ကိုရီးယားခရီးစဉ်အဖြစ် ကင်ဂျုံအန်ရဲ့ ပိတ်ပင်ထားသော လက်နက်အစီအစဉ်တွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ခံနေရ တဲ့ အဆိုပါ အထီးကျန်တိုင်းပြည်သို့ ယနေ့ ရောက်ရှိမှာဖြစ်ပါတယ်။
“ဒီခရီးစဉ်ဟာ ရုရှားနဲ့ မြောက်ကိုရီးယားကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြင့် မားတဲ့အဆင့်အထိ ရောက်ရှိစေမှာဖြစ်ပါတယ်” လို့ ၎င်းက ရေးသားခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ကုလသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်ကာ ဂြိုဟ်တုအစီအ စဉ်အတွက် နည်းပညာအကူအညီရရှိဖို့ ရုရှားသို့ စစ်လက်နက်တွေ တင်ပို့နေတယ်လို့ တောင်ကိုရီးယား၊ အမေရိကန်နဲ့ ယူကရိန်းက ပြောပါတယ်။
မြောက်ကိုရီးယားက အဆိုပါပြောဆိုချက်တွေကို ငြင်းဆန်ခဲ့ပြီး အဓိပ္ပာယ်မရှိဘူးလို့ဆိုကာ ကု လသမဂ္ဂရဲ့ မတ်လအတွင်း ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဗီတိုအာဏာသုံး ကန့်ကွက်ခဲ့တဲ့ရုရှားကို ကျေးဇူး တင်ရှိတယ်လို့ ပြောပါတယ်။
ရုရှားနိုင်ငံဟာ ယူကရိန်းမှာ မြောက်ကိုရီးယားထုတ် ပဲ့ထိန်းဒုံးကျည်တွေ အသုံးပြုနေတယ်လို့ အထောက်အထားတွေကို ကိုးကားပြီး ပင်တဂွန်ရဲ့ အစီရင်ခံစာတစ်ခုက မေလအတွင်း ဖော်ပြခဲ့ပါတယ်။
ပူတင်နဲ့ကင်ဂျုံအန်ဟာ ခရီးစဉ်အတွင်း အရေးပါသော သဘောတူညီချက်တွေ လက်မှတ်ရေးထိုး မယ်လို့ ရုရှားသမ္မတရုံးမှ လက်ထောက်တစ်ဉီးကို ကိုးကားပြီး ရုရှားသတင်းဌာနတွေက ဖော်ပြပါတယ်။
ကိုးကား – AFP
Ref; Putin says North Korea ‘firmly supporting’ Russia operations in Ukraine: KCNA
#Ayeyarwaddy_Times