
ဧရာဝတီတိုင်းမ်
ဇွန် ၁၈ ရက်
အိန္ဒိယနိုင်ငံ၊ အနောက်ဘင်ဂေါပြည်နယ်မှာ ကုန်တင်ရထားတစ်စင်းက ခရီးသည်တင်ရထားတစ် စင်းနဲ့ ခေါင်းချင်းဆိုင်တိုက်မိခဲ့ရာ လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့တယ်လို့ သိ ရပါတယ်။
ကုန်တင်ရထားတစ်စင်းဟာ တနင်္လာနေ့မနက်ပိုင်းက ဒါဂျီလင်ခရိုင်မှာ ခရီးသည်တင်ရထားတစ် စင်းကို တိုက်မိခဲ့တာဖြစ်ပါတယ်။ လူသားရဲ့အမှားကြောင့် ရထားမတော်တဆဖြစ်စဉ် ဖြစ်ခဲ့တာလို့ ကန ဦးသတင်းတွေအရ သိရပါတယ်။
အိန္ဒိယနိုင်ငံရဲ့ အလွန် ရှုပ်ထွေးတဲ့ ရထားပို့ဆောင်ရေးလုပ်ငန်းဟာ နှစ်စဉ် ရာနဲ့ချီတဲ့ မတော်တ ဆမှုတွေ ဖြစ်ပွားပါတယ်။
ရထားတွဲခေါင်းတွေအောက်ကနေ အလောင်း ၁၅ ခုကို ဆွဲထုတ်ခဲ့တယ်လို့ ခရိုင်ရဲတပ်ဖွဲ့မှ အ ကြီးတန်း ရဲအရာရှိကြီးတစ်ဉီးဖြစ်သူ အဘီရှက်ခ်ရွိုင်းက ပြောပါတယ်။
လူပေါင်း ၃၀ နီးပါး ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ ဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့မှ ကယ်ဆယ်ရေး အဖွဲ့တွေက တိမ်းမှောက်တဲ့ ရထားတွဲတွေအောက်မှ အပျက်အစီးတွေကို ရှင်းလင်းဖို့ ဆရာဝန်တွေ၊ ဒေသခံတွေနဲ့ လက်တွဲဆောင်ရွက်နေပါတယ်။
သေဆုံးသူတွေအနက် ၃ ဦးဟာ မီးရထားဌာနမှ ဝန်ထမ်းတွေဖြစ်တယ်လို့ မီးရထားဌာန၊ ပြော ရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အခင်းဖြစ်ရာနေရာသို့ ဆရာဝန်တွေ၊ လူနာတင်ယာဉ်တွေနဲ့ ဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့ တွေ စေလွှတ်ခဲ့တယ်လို့ အနောက်ဘင်ဂေါပြည်နယ်ဝန်ကြီးချုပ် မာမာတာဘာနာဂျီးက လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။
အခင်းဖြစ်စဉ်မှာ ဒဏ်ရာရရှိသူတွေကို ဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့ အိန္ဒိယ မီးရထားဝန်ကြီး အက်ရှ်ဝီနီဗစ်နော်က ပြောပါတယ်။
ပြည်သူ ၁၂ သန်းကျော်ဟာ အိန္ဒိယနိုင်ငံတစ်ဝှမ်း ရထားအစင်းရေ ၁၄၀၀၀ ကို နေ့စဉ် စီးနင်းကြ ပြီး ရထားလမ်းကွန်ရက် မိုင် ၄၀၀၀၀ ကျော် ခရီးသွားကြပါတယ်။
ကိုးကား – Aljazeera
Ref; Up to 15 reported killed in Indian train collision
#Ayeyarwaddy_Times