ဧရာဝတီတိုင်းမ်
ဇွန် ၁၅ ရက်

ယူကရိန်းက နေတိုးအဖွဲ့ကိုပူးပေါင်းမယ့် ရည်မှန်းချက်တွေ စွန့်လွှတ်ပြီး ယူကရိန်းနယ်မြေ ၄ ခု မှ တပ်ဖွဲ့တွေ ရုတ်သိမ်းမှသာ ရုရှားက အပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းရေး ဆွေးနွေးမယ်လို့ သမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်ပါတယ်။

ရုရှားနိုင်ငံကို မဖိတ်ကြားတဲ့ ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပမယ့် ငြိမ်းချမ်းရေးညီလာခံ အကြိုနေ့ မှာ ယူကရိန်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမယ့် သတ်မှတ်ချက်တွေကို သူက အခုလို ပြောကြားတာပါ။

“စည်းကမ်းချက်တွေက အလွန်ကို ရိုးရှင်းပါတယ်။ ယူကရိန်းက ဒိုးနက်ခ်၊ လူဟန့်ခ်၊ ခါဆင်နဲ့ ဇာ ပိုရီဇီယာဒေသတွေကနေ သူ့ရဲ့တပ်ဖွဲ့တွေကို အပြည့်အဝ ရုတ်သိမ်းရမှာဖြစ်ပါတယ်” လို့ သူက ဆိုပါ တယ်။

“ယူကရိန်းက ဒေသ ၄ ခုကနေ တပ်ဖွဲ့တွေ ဆုတ်ခွာမှုစတင်ပြီး နေတိုးအဖွဲ့ကို ဝင်ရောက်မယ့် အ စီအစဉ်တွေ စွန့်လွှတ်ကြောင်း တရားဝင် ကြေညာရင် ရုရှားနိုင်ငံကလည်း အပစ်အခတ်ရပ်စဲပြီး ဆွေး နွေးညှိနှိုင်းမှုတွေ စတင်မှာဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

ယူကရိန်းကျူးကျော်စစ် ၃ နှစ် ကြာမြင့်လာချိန်မှာ ရုရှားက ယူကရိန်း ပိုင်နက်နယ်မြေ ငါးပုံတစ် ပုံနီးပါးကို ထိန်းချုပ်ထားပါတယ်။

ရုရှားတပ်ဖွဲ့တွေ အပြည့်အဝ ရုတ်သိမ်းပြီး ပိုင်နက်နယ်မြေတွေ ပြန်ရရှိရေးကို အခြေခံပြီး ငြိမ်း ချမ်းရေးကို ဆွေးနွေးနိုင်မယ်လို့ ယူကရိန်းက ပြောပါတယ်။

ကမ္ဘာ့နိုင်ငံနဲ့ အဖွဲ့အစည်း ၉၀ ကျော်မှ ကိုယ်စားလှယ်တွေ တက်ရောက်မယ့် ဆွစ်ဇာလန်နိုင်ငံ မှာ ကျင်းပမယ့် ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲက ပိုင်နက်နယ်မြေကိစ္စရပ်တွေ မဆွေးနွေးဘဲ ယူက ရိန်းရဲ့ စားနပ်ရိက္ခာဖူလုံမှုနဲ့ နျူကလီးယား ဘေးကင်းမှုလိုမျိုး ကိစ္စရပ်တွေကို အလေးပေးဆွေးနွေးမယ် လို့ မျှော်မှန်းရပါတယ်။

ရုရှားနိုင်ငံ ကိုယ်စားပြုခွင့်မရှိတဲ့ အဆိုပါ ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲက အချည်းနှီးဖြစ် တယ်ဆိုတာ သက်သေပြလိမ့်မယ်လို့ ရုရှားသမ္မတရုံးက ပြောပါတယ်။

ကိုးကား – Reuters
Ref; Putin says Russia will cease fire if Ukraine pulls troops from four regions

#Ayeyarwaddy_Times