ဧရာဝတီတိုင်းမ်
ဇွန် ၁၅ ရက်

မြောက်ကိုရီးယားနိုင်ငံဟာ တောင်ကိုရီးယားနိုင်ငံနဲ့ထိစပ်နေတဲ့ နယ်စပ်တစ်လျှောက် စစ်မဲ့ဇုန် (DMZ) ဘက်ခြမ်းမှာ ခြံစည်းရိုးတွေ တည်ဆောက်ပြီး လမ်းတွေ တူးဖော်နေတယ်လို့ သိရပါတယ်။

စစ်မဲ့ဇုန်နဲ့ စစ်နယ်နိမိတ်မျဉ်း (MDL) ရဲ့ မြောက်ဘက်ဆုံးကြား ၂ ကီလိုမီတာရှိတဲ့ဧရိယာအတွင်း ခြံစည်းရိုးနဲ့လမ်းတွေ တည်ဆောက်နေတာလို့ ယွန်ဟပ်သတင်းဌာနက အမည်မဖော်လိုတဲ့ သတင်းရင်း မြစ်တစ်ခုကို ကိုးကားပြီး ဖော်ပြပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ ရည်ရွယ်ချက်ကို ရှင်းလင်းစွာ မသိရသလို ယွန်ဟပ်သတင်းဌာနက လည်း ခြံစည်းရိုးတွေက ဘယ်လောက်မြင့်မားပြီး ကျယ်ဝန်းတယ်ဆိုတာကို မဖော်ပြခဲ့ပါဘူး။

ဒီလအစောပိုင်းမှာ တောင်ကိုရီးယားတပ်ဖွဲ့တွေက စစ်နယ်နိမိတ်မျဉ်း (MDL) ရဲ့ ကျူးကျော်ဝင် လာတဲ့ မြောက်ကိုရီးယားစစ်သားအချို့ကို သတိပေးပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

မြောက်ကိုရီးယားက တောင်ကိုရီးယားနိုင်ငံအတွင်း အမှိုက်တွေထည့်ထားတဲ့ မိုးပျံပူဖောင်းတွေ လွှတ်တင်လို့ တောင်ကိုရီးယားက အသံချဲ့စက်တွေနဲ့ ဝါဒဖြန့်ချိမှုတွေ ပြုလုပ်ပြီးနောက် နှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်လာပါတယ်။

ကိုရီးယားနှစ်နိုင်ငံဟာ နယ်စပ်အနီးမှာ ထောင်နဲ့ချီတဲ့တပ်ဖွဲ့တွေနဲ့ လက်နက်ကြီးတွေ ဖြန့် ကြက်ထားပါတယ်။

ကိုးကား – Bangkok Post
Ref; North Korea building walls along border with South

#Ayeyarwaddy_Times