ဧရာဝတီတိုင်းမ်
ဇွန် ၁၄ ရက်

ယူကရိန်းနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၄၅ သန်းတန်ကြေးရှိ မော်တာကျည်တွေ လှူဒါန်းမယ်လို့ နော်ဝေအစိုးရက ကြေညာလိုက်ပါတယ်။

ရုရှားကျူးကျော်စစ်ကို တန်ပြန်တိုက်ခိုက်နေတဲ့ ယူကရိန်းသို့ နော်ဝေနိုင်ငံရဲ့ ထပ်တိုးအကူအညီ ပေးအပ်နိုင်စွမ်းနဲ့ပတ်သက်လို့ နော်ဝေစစ်တပ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် ဒေါ်လာ ၄၅ သန်း ဝန်းကျင်တန်ကြေးရှိ ၈၁ မီလီမီတာ မော်တော်ကျည်တွေ ထောက်ပံ့မယ်လို့ နော်ဝေ ကာကွယ်ရေးဝန် ကြီးက ကြေညာလိုက်ပါတယ်။

အဆိုပါမော်တာကျည်တွေဟာ အပေါ့ပါးဆုံး အမြောက်ကျည်ဆံတွေဖြစ်ပြီး ၆ ကီလိုမီတာအထိ ရောက်ရှိနိုင်ကာ ပစ်မှတ်တွေကို အတိအကျ တိုက်ခိုက်နိုင်တယ်လို့ နော်ဝေ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ယူကရိန်းနိုင်ငံရဲ့ ခဲယမ်းမီးကျောက် လိုအပ်ချက်တွေ သိသိသာသာ ရှိလာနေပြီး နော်ဝေနိုင်ငံက ထောက်ပံ့တဲ့ အမြောက်ကျည်ဆံတွေကို ထိရောက်စွာ အသုံးချနိုင်တယ်လို့ နော်ဝေအစိုးရက ပြောပါ တယ်။

ကနေဒါလေတပ်ဖွဲ့က စမ်းသပ်ပြီးဖြစ်တဲ့ CRV7 ဝေဟင်-မြေပြင်ခွင်းဒုံးကျည် ၂၃၀၀ စင်းကို ယူ ကရိန်းသို့ ပေးပို့မယ်လို့ ကနေဒါ ကာကွယ်ရေးဝန်ကြီး ဘီလ်ဘလဲက အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။

ဂျာမနီနိုင်ငံကလည်း ယူကရိန်းသို့ စစ်ရေးအကူအညီ ပေးအပ်မယ်လို့ ကြေညာခဲ့ပြီး ပက်ထရီး ယော့ လေကြောင်းရန်ကာကွယ်ရေးစနစ် ပေးပို့မယ်လို့ ကာကွယ်ရေးဝန်ကြီးက ထုတ်ဖော်ပြောခဲ့ပါ တယ်။

ကိုးကား – Reuters
Ref; Norway to supply $45 million worth of mortar ammunition to Ukraine