
ဧရာဝတီတိုင်းမ်
ဇွန် ၁၄ ရက်
၂၀၁၇ ခုနှစ်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည် ၉၉၄ ဉီးကို စွဲချက်အမျိုးမျိုးနဲ့ ထောင်ချခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး အဆာဒူဇတ်မန်းခန်းက ဇွန်လ ၁၃ ရက်မှာ လွှတ်တော်အမတ် တွေကို ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်း ကော့ဘဇားခရိုင်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ပြည် သူ့လုံခြုံရေးကို နှောင့်ယှက်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ သူက ဘင်္ဂလားဒေ့ရှ်လွှတ်တော်မှာ ပြောပါတယ်။
မြန်မာနိုင်ငံပြင်ပ မောင်းထုတ်ခံရပြီးနောက်ပိုင်း ထိန်းသိမ်းခံခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ လက်နက်ပိုင်ဆိုင်မှု၊ လူသတ်မှု အပါအဝင် စွဲချက်အမျိုးမျိုး ရင်ဆိုင်ခံခဲ့ရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းခန့် နေထိုင်လျက်ရှိပါတယ်။ ရိုဟင်ဂျာအများစု က မြန်မာစစ်တပ်ရဲ့ ၂၀၁၇ ခုနှစ် နှိမ်နင်းမှုကြောင့် ထွက်ပြေးလာခဲ့သူတွေဖြစ်ပြီး ကော့ဘဇားခရိုင်မှာ ခို လှုံလျက်ရှိကာ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ရိုဟင်ဂျာ ၃၅၀၀၀ ကို ဘာဆန်ရှားကျွန်းသို့ ရွှေ့ပြောင်းပေးခဲ့ပါ တယ်။
ရိုဟင်ဂျာဒုက္ခသည်တွေကြား အုပ်စုဖွဲ့ပြိုင်ဆိုင်မှုတွေကြောင့် ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်း တွေမှာ တိုက်ခိုက်မှုတွေ၊ သတ်ဖြတ်မှုတေွ မြင့်တက်လာပါတယ်။
ယူခီယာဧရိယာရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုမှာ ရဲတပ်ဖွဲ့နဲ့ ရာဇဝတ်ဂိုဏ်းတစ်ခုကြား ပစ် ခတ်မှုမှာ ARSA ထိပ်တန်းခေါင်းဆောင်တစ်ဉီး သေဆုံးခဲ့တယ်လို့ ကော့ဘဇားခရိုင်မှ ရဲအရာရှိတစ်ဉီး က ပြောပါတယ်။
သေဆုံးခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် ARSA ခေါင်းဆောင် အဗ္ဗဒူလ်မိုနက်ဖ်ဟာ လူသတ်မှုလေးမှု အပါဝင် စွဲချက်များစွာ ရင်ဆိုင်ခဲ့ရပါတယ်။
တနင်္လာနေ့ကလည်း အဆိုပါဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာ ၃ ဉီး ပစ်သတ်ခံခဲ့ရပြီး ၃ ဉီး ဒဏ်ရာရ ရှိခဲ့တယ်လို့ သိရပါတယ်။
ARSA နဲ့ RSO အဖွဲ့တွေဟာ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှာ လှုပ်ရှားနေပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းတွေမှာလည်း အခြေချလှုပ်ရှားနေပါတယ်။
ကိုးကား – Anadolu
Ref; Nearly 1,000 Rohingya imprisoned in Bangladeshi jails since 2017: Minister
#Ayeyarwaddy_Times