
ဧရာဝတီတိုင်းမ်
ဇွန်လ ၁၂ ရက်
မာလာဝီဒုတိယသမ္မတ ဆော်လို့စ်ချီလီမာကို တင်ဆောင်လာတဲ့ လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ ချီလီမာအပါအဝင် လေယာဉ်ပေါ်ပါသူအားလုံး သေဆုံးခဲ့တယ်လို့ သမ္မတ လာဇာရက်စ်ချတ်ကွေရာက ပြောပါတယ်။
မာလာဝီနိုင်ငံရဲ့မြို့တော် လီလောင်ဝီမြို့မှ ထွက်ခွာကာ အမ်ဇူဇူလေဆိပ်မှာ ဆင်းသက်မယ့် စစ် ဘက်လေယာဉ်ပေါ်မှာ အသက် ၅၁ နှစ်အရွယ် ဒုတိယသမ္မတ ဆော်လို့စ်ချီလီမာနဲ့ အခြားသူ ၉ ဉီး လိုက် ပါလာခဲ့တယ်လို့ သမ္မတရုံးက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
အဆိုပါစစ်ဘက်လေယာဉ်ဟာ အမြင်မှုန်ဝါးမှုကြောင့် လေဆိပ်မှာ မဆင်းသက်နိုင်လို့ လီလောင် ဝီမြို့ကို ပြန်လှည့်ခဲ့ရတယ်လို့ သမ္မတ လာဇာရက်စ်ချတ်ကွေရာက ရုပ်သံမိန့်ခွန်းတစ်ခုအတွင်း ပြောပါ တယ်။
လေယာဉ်ကိုရှာဖို့ သစ်တောအတွင်း အချင်းဝက် ၁၀ ကီလိုမီတာအထိ ရှာဖွေရေး လုပ်ဆောင်ခဲ့ တယ်လို့ ၎င်းက ဆိုပါတယ်။
မာလာဝီနိုင်ငံက ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပံ့ပိုးကူညီဖို့ အိမ်နီးချင်းတိုင်းပြည်တွေ၊ အမေရိ ကန်၊ ဗြိတိန်၊ နော်ဝေနဲ့ အစ္စရေးအစိုးရတွေကို အကူအညီတောင်းခံခဲ့တယ်လို့ သူက ပြောပါတယ်။
လာမယ့်သမ္မတရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတစ်ဉီးဖြစ်ဖို့ အလားအလာကောင်းနေ တဲ့ ဆော်လို့စ်ချီလီမာဟာ လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်တွေနဲ့ ၂၀၂၂ ခုနှစ်အတွင်း ဖမ်းဆီးခံခဲ့ရပါ တယ်။
အမှုဟာ အထောက်အထားမခိုင်လုံဘူးလို့ ရှေ့နေချုပ်ရုံးက ကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီး နောက် မာလာဝီတရားရုံးတစ်ရုံးက ပြီးခဲ့တဲ့လအတွင်း သူ့အပေါ် တရားစွဲဆိုထားတဲ့ အဂတိလိုက်စားမှု စွဲချက်တွေကို ရုပ်သိမ်းခဲ့ပါတယ်။
ကိုးကား – India Today
Ref; Malawi Vice-President dies in plane crash
#Ayeyarwaddy_Times