
ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်၊ ချတ်တူချတ်ခရိုင်ရှိ ချက်တူချက်ဈေးမှာ ယနေ့နံနက်အစောပိုင်းက အိမ်မွေးတိရစ္ဆာန်တွေ ရောင်းချတဲ့ဇုန် မီးလောင်မှုဖြစ်ပွားခဲ့ရာ ထူးခြားသော တိရစ္ဆာန်မျိုးစိတ်တွေ အပါအဝင် တိရစ္ဆာန်အကောင်ရေ ၁ ထောင်ခန့် သေဆုံးခဲ့ပါတယ်။
ချတ်တူချတ်ဈေးရှိ အိမ်မွေးတိရစ္ဆာန်တွေရောင်းချတဲ့ Sri Somrat ဇုန်ရှိ ဆိုင်ပေါင်း ၁၁၈ ဆိုင်မှာ ယနေ့ နံနက် ၄ နာရီခန့်ကစပြီး မီးလောင်ခဲ့ခြင်းဖြစ်ကာ ၁ နာရီကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ချက်တူချက်ခရိုင်ရုံးက သတင်းထုတ်ပြန်ပါတယ်။
အလှမွေးငါးတွေ၊ အိမ်မွေးကြောင်တွေ၊ ခွေး၊ ငန်း၊ ငှက်၊ မြွေ၊ မျောက် အစရှိတဲ့ တိရစ္ဆာန်ပေါင်းစုံအပြင် ဘတ်ဂဏန်း ၅ လုံးမှ ၆ အထိ တန်ကြေးရှိတဲ့ ထူးခြားသော တိရစ္ဆာန်မျိုးစိတ်တွေ မီးထဲပါ၍ သေဆုံးခဲ့ တယ်လို့ ဆိုင်ရှင်တွေက ပြောပါတယ်။
မီးလောင်မှုဟာ ခွေးတိရစ္ဆာန်တွေရောင်းချတဲ့ ဆိုင်တစ်ဆိုင်မှ စတင်ခဲ့ကြောင်း၊ ပိုင်ရှင်တွေက ခွေးတွေကို အပူပေးဖို့ လျှပ်စစ်ပန်ကာတွေကို ဖွင့်ထားရာမှ မီးလောင်မှုဖြစ်ခဲ့တာလို့ ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါ တယ်။
မီးလောင်ကျွမ်းမှုကြောင့် လူများထိခိုက်သေဆုံးမှုမရှိကြောင်း၊ ခရိုင်တာဝန်ရှိသူတွေက မီးလောင်ရတဲ့အ ကြောင်းရင်း၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ကိုးကား – Bangkok Post
Ref; Thousands of pets die in fire at Chatuchak market
#Ayeyarwaddy_Times