ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်

ရွှေနဲ့ဒေါ်လာ ကုန်သည်တွေနဲ့ ပြည်ပအိမ်ခြံမြေ ကိုယ်စားလှယ်တွေ အပါအဝင် လူပုဂ္ဂိုလ် ၃၅ ဉီး ကို အာဏာသိမ်းစစ်ကောင်စီက နှိမ်နင်းမှုတွေပြုလုပ်ခဲ့တာကြောင့် ဘာမြူဒါကျွန်းနိုင်ငံက မြန်မာကို စီး ပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်လိုက်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ၊ တရားဉပဒေစိုးမိုးရေး၊ ကောင်းမွန်သောအုပ်ချုပ်မှု ပျက်သုဉ်းစေသူ တွေ၊ အရပ်သားတွေကို ဖိနှိပ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုကို ကဖျက် ယဖျက်လုပ်ရာမှာ ပါဝင်သူတွေကို ဘာမြူဒါကျွန်းနိုင်ငံက ဒဏ်ခတ်ပိတ်ဆို့တာဖြစ်ပါတယ်။

အထွေထွေရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့တဲ့ ဒီမိုကရေစီအစိုးရကို စစ်တပ်က ဖြုတ်ချခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတွေက မြန်မာကို ဒဏ် ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံက အာဏာသိမ်းမှုမှာ ပါဝင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ၃ ဉီးရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ကာ ခရီးသွားလာခွင့် ပိတ်ပင်ခဲ့ပြီး စွမ်းအင်ကုမ္ပဏီကြီးတွေကလည်း ရေနံနဲ့ဓာတ်ငွေ့ကဏ္ဍကနေ နှုတ်ထွက် ခဲ့ပါတယ်။

နိုင်ငံခြားငွေလဲလှယ်မှု မတည်မငြိမ်ဖြစ်အောင် ကြိုးပမ်းတယ်လို့ဆိုပြီး မြန်မာစစ်ကောင်စီဟာ ပြီးခဲ့တဲ့အပတ်က ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

International Gateways Group of Company Limited (IGGCL) နဲ့ စီးပွားရေးမလုပ်ဖို့ ဘာမြူ ဒါကျွန်းနဲ့ ဗြိတိန်ရှိ စီးပွားရေးလုပ်ငန်းတွေကို ဒီသီတင်းပတ်အတွင်း သတိပေးခဲ့ပါတယ်။

IGGCL ဟာ အရင်က မြန်မာစစ်တပ်အတွက် ရန်ပုံငွေအများဆုံး ကူညီထည့်ဝင်တဲ့ အဖွဲ့အစည်း ဖြစ်ခဲ့ပြီး မြန်မာစစ်တပ်က အရပ်သားတွေနဲ့ ဆန္ဒပြသူတွေကို ဖြိုခွင်းရာမှာ အသုံးပြုခဲ့တဲ့ စစ်လက်နက် တွေ ဆက်လက် ဝယ်ယူနေတယ်လို့ ဉရောပသမဂ္ဂက စွပ်စွဲခဲ့ပါတယ်။

ကိုးကား – Royal Gazette
Ref; British sanctions updated relating to Myanmar

#Ayeyarwaddy_Times