ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်

မြန်မာနယ်စပ်တစ်လျှောက် ပြတ်တောင်းပြတ်တောင်း ပစ်ခတ်မှုတွေကြောင့် ဆက်သွယ်ရေး ရပ်ဆိုင်းသွားခဲ့လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စိန့်မာတင်ကျွန်းဟာ ပြီးခဲ့တဲ့ ၄ ရက်အတွင်း စားနပ်ရိက္ခာ ပြတ် လပ်မှု ကြုံတွေ့ခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

၈ စတုရန်းကီလိုမီတာခန့်သာရှိတဲ့ သေးငယ်သော စိန့်မာတင်ကျွန်းဟာ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းမှာ တည်ရှိပြီး သဘာဝအလှတရားတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ထိပ်တန်း ကမ္ဘာ လှည့်ခရီးသွားနေရာတစ်ခု ဖြစ်ပါတယ်။

ပြီးခဲ့သော ၄ ရက်အတွင်း ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာကြား တစ်ခုတည်းသောမြစ်ဖြစ်တဲ့ နတ်မြစ်အ တွင်း စက်လှေ ၃ စင်း တိုက်ခိုက်ခံခဲ့ရလို့ စက်လှေပိုင်ရှင်တွေက စက်လှေပြေးဆွဲမှု ရပ်ဆိုင်းခဲ့ပါတယ်။

နတ်မြစ်နဲ့ ဘင်္ဂလားပင်လယ်အော်ဝတစ်လျှောက် စားနပ်ရိက္ခာနဲ့ ခရီးသည်တေွ တင်ဆောင်လာ တဲ့ စက်လှေတွေကို မြန်မာနိုင်ငံဘက်မှ မည်သူမည်ဝါမသိရသူတွေက ပစ်ခတ်ခဲ့တယ်လို့ စိန့်မာတင် ကျွန်း အုပ်ချုပ်ရေးမှူး မူဂျီဘူရာမန်က ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရမှာကြောက်လို့ ဒေသခံတံငါသည်တွေက နတ်မြစ်အတွင်း ငါးဖမ်းမထွက်ရဲ ဘူးလို့ သူက ဆက်ပြောပါတယ်။

လူဦးရေ ၁၁၀၀၀ ခန့်ရှိတဲ့ စိန့်မာတင်ကျွန်းသို့ နေ့စဉ်ကုန်စည်တွေ မပို့ဆောင်နိုင်ကြောင်း၊ ကမ္ဘာ လှည့်ခရီးသွားတွေ ကျွန်းပေါ် ပိတ်မိနေပြီး စားနပ်ရိက္ခာနဲ့ တည်းခိုစရာအခက်အခဲတွေ ကြုံတွေ့ခဲ့ရ တယ်လို့ ၎င်းက ဆိုပါတယ်။

“ကျွန်တော်တို့ မြို့နဲ့ခရိုင် အာဏာပိုင်တွေကို အကြောင်းကြားထားပါတယ်။ အာဏာပိုင်တွေက အစားထိုးလမ်းကြောင်းတွေ ရှာဖွေနေပါတယ်။ စိန့်မာတင်ကျွန်းကို ဆက်သွယ်တဲ့ အစားထိုးလမ်း ရှိ မရှိ ကျွန်တော်တို့ မသိပါဘူး” လို့ သူက ပြောပါတယ်။

နယ်စပ်တစ်လျှောက် ယခုလိုမျိုး ပစ်ခတ်မှုဖြစ်စဉ်တွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံနဲ့ ပုံမှန် ဆက် သွယ်မှုရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာဌာန ညွှန်ကြားရေးမှူးချုပ် မိုင်နူးက ဘာက ပြောပါတယ်။

“သက်ဆိုင်ရာ အစိုးရဌာနအားလုံးနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ပြည်သူတွေဘေးကင်းဖို့ ကျွန်တော်တို့ လုပ်ဆောင်နေပြီး စိန့်မာတင်ကျွန်းကိုဆက်သွယ်မယ့် အစားထိုးလမ်းကြောင်းတွေ ရှာဖွေနေပါတယ်” လို့ သူက ဆိုပါတယ်။

ကိုးကား – Anadolu
Ref; Firing from Myanmar causes food shortage in Bangladesh’s touristic St. Martin Island

#Ayeyarwaddy_Times