ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂ ရက်

နိုင်ဂျီးရီးယားနိုင်ငံကို စစ်ရေးအရ အရေးယူဖွယ်ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးခဲ့ပြီး နိုင်ဂျီးရီးယားအစိုးရဟာ ခရစ်ယာန်ဘာသာဝင်တွေကို သတ်ဖြတ်ခွင့်ပြုနေတယ်လို့ စွပ်စွဲ လိုက်ပါတယ်။

ယခုအခြေအနေ ဆက်ဖြစ်နေပါက အမေရိကန်နိုင်ငံက နိုင်ဂျီးရီးယားသို့ အကူအညီအားလုံး ချက် ချင်း ရပ်ဆိုင်းကာ စစ်ရေးအရ အရေးယူဖွယ်ရှိတယ်လို့ အရိပ်အမြွက်ထုတ်ပြောလိုက်ပါတယ်။

“နိုင်ဂျီးရီးယားအစိုးရက ခရစ်ယာန်တွေကို ဆက်လက်ပြီး သတ်ဖြတ်ခွင့်ပြုနေရင် အမေရိကန်နိုင် ငံက နိုင်ဂျီးရီးယားကို ပေးအပ်နေတဲ့ အကူအညီအားလုံး ရပ်ဆိုင်းပြီး ကြောက်မတ်ဖွယ်ရာ အကြမ်းဖက်မှု တွေ ကျူးလွန်နေတဲ့ အစ္စလာမ္မစ် အကြမ်းဖက်သမားတွေကို အမြစ်ပြုတ်သုတ်သင်သွားမယ်” လို့ ဒေါ်နယ် ထရမ့်က လူမှုကွန်ရက် Truth မှာ ရေးသားခဲ့ပါတယ်။

စစ်ရေးအရ အရေးယူရေး ကြိုတင်ပြင်ဆင်ထားဖို့ စစ်ဘက်ဝန်ကြီးဌာနကို ညွှန်ကြားခဲ့ပြီး အမေရိ ကန်ရဲ့ မည်သည့်တိုက်ခိုက်မှုကမဆို မြန်ဆန်ပြီး ပြင်းထန်မယ်လို့ သူက ပြောပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံမှာ ဘာသာရေး အကြမ်းဖက်မှုတွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေ ဖိနှိပ်ခံရမှုတွေ ဖြစ်ပေါ်နေစဉ် ၎င်းက အခုလို ပြောကြားလာတာပါ။

နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းမှာ မူဆလင်အများစုနေထိုင်ပြီး တောင်ပိုင်းမှာ ခရစ်ယာန်ဘာသာ ဝင်တွေ နေထိုင်ကြရာ အဆိုပါအုပ်စုနှစ်ခုကြား မကြာခဏဆိုသလို ပဋိပက္ခတွေ ဖြစ်ပွားပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်တွေဟာ ခြိမ်းခြောက်မှု ရင်ဆိုင်နေရတယ်လို့ ဒေါ်နယ် ထရမ့်က ပြောပြီး သတ်ဖြတ်မှုတွေအတွက် အစွန်းရောက် အစ္စလာမ္မစ်တွေကို အပြစ်ဖို့လိုက်ပါတယ်။

ဘာသာရေးဖိနှိပ်မှုကြောင့် နိုင်ဂျီးရီးယားကို အထူးစိုးရိမ်စရာနိုင်ငံအဖြစ် သတ်မှတ်ကြောင်းလည်း ၎င်းက ကြေညာခဲ့ပါတယ်။

ကွန်ဂရက်အမတ် ရိလေးမိုးနဲ့ အောက်လွှတ်တော်ကော်မတီဥက္ကဌ တွမ်ကိုးလ်တို့အား နိုင်ဂျီးရီး ယားနိုင်ငံမှာ ခရစ်ယာန်ဘာသာဝင်တွေ ဖိနှိပ်ခံရမှုကို စုံစမ်းစစ်ဆေးကာ သူ့ထံ အစီရင်ခံဖို့ ညွှန်ကြားထား တယ်လို့ သူက ဆိုပါတယ်။

ကိုးကား – India Today
Ref; Trump warns US could go ‘guns-a-blazing’ into Nigeria over ‘killing of Christians’