
ဧရာဝတီတိုင်းမ်
ဇွန် ၆ ရက်
အိန္ဒိယအစိုးရဟာ ကမ္ဘောဒီးယားနဲ့ လာအိုလိုမျိုး အာရှတိုင်းပြည်တွေက ဆိုက်ဘာရာဇဝတ် ဂိုဏ်းတွေမှာ ပိတ်လှောင်ခံထားရတဲ့ သူ့နိုင်ငံသားတွေကို ကယ်တင်ပြီးနောက် မြန်မာနိုင်ငံက အွန်လိုင်း လိမ်လည်မှုတွေကို သတိထားဖို့ ပြည်သူတွေကို သတိပေးနေပါတယ်။
အခုလို သတိပေးတာဟာ လစာမြင့်မားတဲ့ အလုပ်အကိုင်တွေ ခန့်အပ်မယ်လို့ဟန်ဆောင်ကာ ငွေလိမ်လုပ်ငန်း သို့မဟုတ် တရားမဝင် စီးပွားရေးလုပ်ငန်းတွေမှာ အိန္ဒိယနိုင်ငံသားတွေ လိမ်လည်ပြီး ခိုင်းစေမခံရအောင် ရည်ရွယ်တာဖြစ်ပါတယ်။
ကရင်ပြည်နယ်၊ မြဝတီဒေသမှာ လည်ပတ်နေတဲ့ နိုင်ငံတကာ ဆိုက်ဘာရာဇဝတ်ဂိုဏ်းတစ်ခုကို မြန်မာနိုင်ငံရှိ အိန္ဒိယသံရုံးက မီးမောင်းထိုးပြခဲ့ပါတယ်။
မြဝတီဒေသက အလုပ်အကိုင် ကမ်းလှမ်းမှုတွေကို လက်မခံမီ သတိထားဖို့ မြန်မာနိုင်ငံရှိ အိန္ဒိယ သံရုံးက အိန္ဒိယနိုင်ငံသားတွေကို တိုက်တွန်းခဲ့ပါတယ်။
“မြန်မာ-ထိုင်းနယ်စပ် မြဝတီဒေသမှာ အိန္ဒိယနိုင်ငံသားတွေ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ အဓမ္မ စေခိုင်းခံရတာတွေ တိုးလာပါတယ်။ အိန္ဒိယသံရုံးကို မတိုင်ပင်ဘဲ ဘယ်လို အလုပ်အကိုင် ကမ်း လှမ်းမှုမျိုးကိုမှ လက်ခံတာကို ရှောင်ကြဉ်ဖို့ အကြံပြုပါတယ်” လို့ အကြံပြုချက်အတွင်း အိန္ဒိယသံရုံးက ပြောပါတယ်။
ကိုးကား – Financial Express
Ref; Indian Embassy Alerts Citizens to Employment Scams in Myanmar
#Ayeyarwaddy_Times